အင်ဒိုနီးရှားတွင်လိမ်လည်သော တရုတ်နိုင်ငံသားများကို ပြန်လည်လွှဲပြောင်းပေး
06 Feb 2018 1,543 Views

အင်ဒိုနီးရှားနိုင်ငံမှာ အွန်လိုင်းကနေနဲ့ ဖုန်းကနေလိမ်လည်ခဲ့တယ်လို့ယူဆရတဲ့ တရုတ်နိုင်ငံသား (၅၅)ဦးကို အင်ဒိုနီးရှားနိုင်ငံကနေ တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ဖေဖော်ဝါရီလ (၃)ရက်မှာ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကပြောပါတယ်။
သံသယရှိသူတွေဟာ တရုတ်နိုင်ငံက ပြည်နယ်အခု(၂၀)မှာ ပြစ်မှုပေါင်း(၆၀) ကျူးလွန်ထားပြီး အဲဒီဖြစ်ရပ်တွေကြောင့် တရုတ်ယွမ်ငွေ သန်း(၃၀)ကျော် ဆုံးရှုံးနစ်နာမှုတွေရှိတယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာပါဝင်ပါတယ်။အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ကူညီဖို့ တရုတ်ရဲတပ်ဖွဲ့ဝင်တချို့ကို (၂၀၁၇)ခုနှစ်၊ဇွန်လမှာ အင်ဒိုနီးရှား နိုင်ငံကိုစေလွှတ်ခဲ့ပြီး သြဂုတ်လမှာတော့ သံသယရှိသူ(၁၄၃)ဦးကို တရုတ်နိုင်ငံဆီ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။
အခု(၂၀၁၈)နှစ်စမှာတင် နိုင်ငံအသီးသီးမှာ မှုခင်းဖြစ်ရပ်တွေဖြေရှင်းဖို့နဲ့သံသယ ရှိသူတွေကို တရုတ်နိုင်ငံဆီပြန်ခေါ်လာနိုင်ဖို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက စီမံခဲ့တယ်ဆိုပြီး မှုခင်းစုံစမ်းရေးဗျူရိုအကြီးအကဲကျူးလီကပြောပါတယ်။နိုင်ငံရပ်ခြားမှာ ပြစ်မှုကျူးလွန်တဲ့ တရုတ် နိုင်ငံသားတွေကို တရုတ်နိုင်ငံဆီပြန်ခေါ်ပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးသွားမှာဖြစ်တယ်လို့လည်း ကျူးလီကပြောပါတယ်။