BEC-TERO TV

တစ်ယောက်ထဲကျန်တဲ့ထိ ဆက်လက်ရှင်သန်နေတဲ့မြို့လေး

06 Feb 2018     1,536 Views


ကိုယ့်အိမ်က မိသားစုတွေ ခရီး (၃)ရက်လောက် ထွက်သွားရင်တောင် အိမ်မှာတစ်ယောက်ထဲ နေရတာ တစ်မျိုးဖြစ်လာသလို၊ အထီးကျန်သလို ခံစားရပါတယ်။
အမေရိကန်နိုင်ငံက မြို့ငယ်လေးတစ်မြို့ဟာ မြို့နေလူဦးရေ (၁)ဦးထဲနဲ့ ဆက်လက်ရှင်သန် ရပ်တည်နေတယ်ဆိုတာ သင်ယုံကြည်နိုင်ပါ့မလား..?


၂၀၁၀ ခုနှစ် အမေရိကန်ရဲ့ စစ်တမ်းအရဆိုရင် ဒါဟာတစ်ကယ်အမှန်ဖြစ်ပါတယ်။ နီဘရာစကာပြည်နယ်က မိုနိုဝီ ဆိုတဲ့မြို့လေးမှာ အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ‘အယ်လ်စီအယ်လာ’ ဆိုတဲ့ အဖွားအိုတစ်ဦးတည်းသာ နေထိုင်နေပြီး တစ်ကယ့်ကို အထီးကျန်ဆန်တဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။

အခြားနေထိုင်သူများဟာ နှစ်ပေါင်များစွာထဲက မြို့ငယ်လေးကို စွန့်ခွာခဲ့ပြီဖြစ်ပေမယ့် အဖွားအိုကတော့ သူ့မွေးရပ်ဇာတိ ‘မိုနိုဝီ’ မြို့လေးကို ပျောက်ပျက်သွားမှာ စိုးလို့တစ်ဦးတည်းကျန်ခဲ့ပေမယ့် ဆက်လက်နေထိုင်နေဆဲဖြစ်ပါတယ်။

အဲဒီမြို့လေးနဲ့ပက်သက်တဲ့ မြို့ဝန်၊ စာရေးစားချီ၊ စာကြည့်တိုက်မှူး၊ အရောင်းဆိုင်ပိုင်ရှင် စတဲ့ အစ,စသော တာဝန်တွေကို သူမတစ်ဦးတည်းက အားလုံးလုပ်ဆောင်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီဆန်ဆန်ပါပဲ၊ တစ်နှစ်တစ်ခါ မြို့တော်ဝန်ရွေးချယ်ပွဲ စာတမ်းကို သူ့အိမ်ရှေ့မှာ ချိပ်ဆွဲတယ်၊ ကိုယ်တိုင်ရွေးကောက်ခံတယ်၊ သူ့ကိုယ်သူ မဲပေးပြီးတဲ့နောက် ကန့်ကွက်မဲမရှိပဲ မြို့တော်ဝန်တာဝန်ထမ်းဆောင်ပါတယ်။

ဖက်ဒရယ်ဥပဒေအရ အစိုးရကိုပေးဆောင်ရမယ့် ရေခွန်၊ လျှပ်စစ်ခွန်၊ စည်ပင်ခွန်ဖြစ်တဲ့ ဒေါ်လာ ၅၀၀ ကို နှစ်စဉ်ဆောင်ပြီး မြို့လေးကို တစ်ဦးတည်း ဆက်လက်ရှင်သန်စေခဲ့ပါတယ်။ အရက်နဲ့ ဆေးလိပ်ရောင်းချတဲ့ ဆိုင်ဖွင့်ထားပြီး နှစ်စဉ်လိုင်စင် ပေးဆောင်တိုင်း မြို့တော်ဝန်နေရာ၊ အတွင်းရေးမှူးနေရာ၊ ဆိုင်ရှင်နေရာတွေ အားလုံးမှာ သူမကိုယ်တိုင်ပဲ လက်မှတ်ရေးထိုးရတယ်လို့ ဆိုပါတယ်။

၁၉၃၀ နှစ်များတုန်းကဆိုရင် ‘မိုနိုဝီ’ မြို့လေးဟာ လူဦးရေ (၁၃၀)လောက်ရှိပြီး ရထားဘူတာရုံစိုက်တဲ့ မြို့လေးဖြစ်ပါတယ်။ ဒါ့အပြင် စတိုးဆိုင် ၃ ဆိုင်၊ စားသောက်ဆိုင်အချို့နဲ့ အကျဉ်းထောင်လည်း ရှိပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း စီးပွားရေးချွတ်ခြုံကျမှုကြောင့် မြို့ခံလူတွေ ပြောင်းသွားလိုက်တာ ၁၉၆၀ ခုနှစ် “အယ်လာ” ဖခင်ရဲ့ နာရေးကို ပြုလုပ်ပြီးနောက်ပိုင်း ဘုရားကျောင်းလဲ ပြောင်းရွေ့သွားခဲ့ပါတယ်။ ၁၉၆၇ နဲ့ ၁၉၇၀ ကြားထဲမှာတော့ နောက်ဆုံးလက်ကျန် စတိုးဆိုင် တစ်ဆိုင်နဲ့ စာတိုက်ပါ ပိတ်သွားခဲ့ပါတယ်။

“အယ်လာ” အသက် (၁၉)နှစ်အရွယ်မှာ သူမရဲ့ခင်ပွန်း “ရူဒီ”နဲ့ လက်ထပ်ခဲ့ပါတယ်။ သားသမီးနှစ်ဦး ထွန်းကားပြီး ၁၉၇၁ ခုနှစ်မှာ လင်မယားနှစ်ယောက် အရက်ဘားသေးသေးလေး စဖွင့်ခဲ့ကြပါတယ်။

၁၉၇၄ မှာ စာသင်ကျောင်းတွေ ပိတ်သွားပြီး “အယ်လာ”ရဲ့ သားနှစ်ယောက်လဲ တစ်နယ်တကျေးကို အလုပ်ရှာထွက်သွားခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်မှာတော့ မြို့နေလူဦးရေ (၁၈)ယောက်သာ ကျန်တော့ပြီး နောက်ထပ် နှစ်ပေါင်း ၂၀ အကြာမှာ သူတို့လင်မယား နှစ်ဦးပဲ ကျန်ခဲ့ပါတော့တယ်။
၂၀၀၄ ခုနှစ်မှာ ခင်ပွန်းဖြစ်သူ “ရူဒီ” ကွယ်လွန်သွားပြီးနောက် “မိုနိုဝီ” မြို့လေးဟာ တစ်ဦးတည်းသာ ကျန်ခဲ့ပါတော့တယ်။
“အယ်လာ” ကတော့ သူ့ရဲ့ အရက်ဘားဆိုင်သေးသေးလေးကို တစ်ပတ်လျှင် ခြောက်ရက် မနက် ၉ နာရီကနေ ည ၉ နာရီထိ ပုံမှန်ဖွင့်နေပါတယ်။ သူမရဲ့ခင်ပွန်း “ရူဒီ” ရဲ့ စာဖတ်ခန်းကို စာကြည့်တိုက်အဖြစ်နေ့စဉ် ဖွင့်လှစ်ထားပြီး စာအုပ်ပေါင်း ၅,၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

 


06 Feb 2018     1,536 Views




RELATED

Most Popular of Special or Others

Most Popular of NEWS