BEC-TERO TV

ဖိနပ်အတွင်း အလိုလျှောက်ရွေ့လျားစနစ် အသုံးပြုထားတဲ့တည်းခိုရိပ်သာ

06 Feb 2018     1,695 Views


နည်းပညာတီထွင်နိုင်မှုမှာ ဆရာတစ်ဆူ ဖြစ်တဲ့ ဂျပန်နိုင်ငံက အလိုလျှောက် ရွေ့လျားနိုင်တဲ့စနစ်ကို တည်းခိုရိပ်သာမှာ လာရောက်တည်းသူတွေ၊ စားသုံးသူတွေ စီးနင်းတဲ့ ဖိနပ်တွေ့နဲ့ အသုံးအဆောင်ပစ္စည်းတွေမှာ ထည့်သွင်း အသုံးပြုလိုက်ပြန်ပါပြီ။

အလိုလျောက်ရွေ့လျားနိုင်တဲ့ ဖိနပ်နဲ့ အသုံးအဆောင်ပစ္စည်းတွေဟာ ဧည့်သည်တွေ ပြန်သွားပြီးနောက် မည်သို့ပင်ချွတ်ထားခဲ့ပါစေ၊ သူတို့ရှိနေရမယ့်နေရာကို သူနေရာနဲ့သူ အလိုလျောက်မောင်နှင်ပြီး နေသားတကျရှိနေစေမှာဖြစ်ပါတယ်။

ဒီနည်းပညာကို Nissan ကားကုမ္ပဏီက တီထွင်လိုက်ပြီး ဖိနပ်နဲ့ အသုံးအဆောင်ပစ္စည်းတွေမှာ တပ်ဆင်ထားတာဖြစ်ပါတယ်။ ဖိနပ်တစ်ဖက်စီတိုင်းမှာ သေးငယ်တဲ့ ဘီးလေးနှစ်ခုပါဝင်ပြီး သွားလာနိုင်ဖို့ မော်တာ၊ ဆင်ဆာတွေကို တပ်ဆင်ပေးထားပါတယ်။ Nissan ရဲ့ ProPilot နည်းပညာကိုအသုံးပြုပြီး ကြမ်းပြင်ပေါ်မှာ ပြေလွှားနိုင်ပါတယ်။

ဒီနည်းပညာကို Nissan က ထုတ်လုပ်ထားတဲ့ လျှပ်စစ်ကား “Leaf” မှာလည်း ထည့်သွင်းပေးထားပြီး ကားပါကင်ထိုးရာမှာ မောင်းသူက ထိန်းချုပ်ရန်မလိုပဲ အလိုလျောက် ဘေးကင်းစွာဖြင့် ပါကင်ထိုးနိုင်ပါတယ်။ ကားရဲ့ပတ်ချာလည်မှာ ကင်မရာ ၄ လုံးနဲ့အတူ ဆင်ဆာစနစ် ၁၂ ခုတို့ပေါင်းစပ်ပြီး အလိုလျောက်ပါကင်ဝင်ပေးနိုင်ပါတယ်။

အဆိုပါစနစ်ကို အသုံးပြုတဲ့အခါ ခလုပ်လေး တစ်ချက်နှိပ်ရုံနဲ့ စတီယာရင်၊ လီဗာ၊ ဘရိတ် အစရှိသည်တို့ကို လုံးဝ တို့ထိရန်မလိုပဲ ပါကင်ထိုးနိုင်ပါတယ်။ နည်းပညာအသိပြန့်ပွားတဲ့အနေနဲ့
 အဆိုပါနည်းပညာကို ဖိနပ်နဲ့ အသုံးအဆောင်များတွင် ထည့်သွင်းခြင်းဖြစ်ကြောင်း Nissan ရဲ့ ပြောရေးဆိုခွင့်ရှိသူ Nick Maxfield က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။
 


06 Feb 2018     1,695 Views




RELATED

Most Popular of Special or Others

Most Popular of NEWS