BEC-TERO TV

နှစ်ပေါင်းသန်း ၁၀၀ ကျော်သက်တမ်းရှိသည့် အမြီးပါသည့်ပင့်ကူ မြန်မာနိုင်ငံတွင်တွေ့ရှိ

07 Feb 2018     1,813 Views


မြန်မာနိုင်ငံအတွက် သမိုင်းဝင် မှတ်ချက်ကောင်းတစ်ခုရရှိစေသည့် အမြီးပါသော ထူးဆန်းရှားပါးသည့် ပင့်ကူတစ်ကောင်၏ နှစ်ပေါင်းသန်း ၁၀၀ ကျော် ကျောက်ဖြစ်ရုပ်ကြွင်းကို တရုပ်၊ ဂျာမဏီ၊ ဗာဂျီးနီးယားနဲ့ ယူကေမှ သုတေသနပညာရှင်များက တွေ့ရှိခဲ့ကြသည်။

အဆိုပါ ပင့်ကူကျောက်ဖြစ်ရုပ်ကြွင်းကို မြန်မာနိုင်ငံ မြောက်ပိုင်း မိုးသစ်တောများအတွင်း တွေ့ရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ပင့်ကူ၏အမြီးမှာ ကင်းမြီးကောက်နှင့်ဆင်တူပြီး ခန္ဓာကိုယ်ထက်ပိုမိုရှည်လျားသည်။ ထို့ပြင် ခန္ဓာကိုယ် ဝမ်းဗိုက်မှလည်း ပိုးချည်မျှင်များ ထုတ်ပေးကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ အလားတူ ထူးဆန်းသည့် ပိုးမွှားကောင် ကျောက်ဖြစ်ရုပ်များ မြန်မာနိုင်ငံ မိုသစ်တောအတွင်း အများအပြားရှိနေနိုင်သေးပြီး အချို့သော ပိုးကောင်များမှာ ယနေ့ထိ အသက်ရှင်နေထိုင်နိုင်သေကြောင်း သို့သော်လည်း သက်ရှိအနေဖြင့် တစ်ကြိမ်တစ်ခါမျှ မတွေ့ရှိရသေးကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။
 


07 Feb 2018     1,813 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS