ဗေဒင်ဆရာ အောင်ချစ်ပို ကို အရေးယူပေးပါရန် လူရွှင်တော် ဒိန်းဒေါင်၏ သမီးဒိန်းပိုပိုဒေါင် ရဲစခန်းသို့ တိုင်ကြား
07 Feb 2018 2,106 Views

ဗေဒင်ဆရာ အောင်ချစ်ပိုကို အရေးယူပေးပါရန် လူရွှင်တော်ဒိန်းဒေါင်၏ သမီးဖြစ်သူ သရုပ်ဆောင် ဒိန်းပိုပိုဒေါင်က စမ်းချောင်းမြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။

ဗေဒင်ဆရာ အောင်ချစ်ပိုကို ရာဇသတ်ကြီးပုဒ်မ ၃၅၄(အမျိုးသမီးအပေါ် ကာယိနြေ္ဒ ပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှု ကျူးလွန်ခြင်း) ၊ ၅၀၉(အမျိုးသမီးအပေါ် ကာယိနြေ္ဒ ပျက်စီးရန် ရည်ရွယ်ပြီး စကား(သို့) ကိုယ်အမူအရာ ပြုလုပ်မှု) တို့ဖြင့် အမှုဖွင့်အရေးယူပေးပါရန် တိုင်ကြားခဲ့ကြောင်း သရုပ်ဆောင် ဒိန်းပိုပိုဒေါင် က မီဒီယာများကိုပြောသည်။

Credit ... Popular Journal





