BEC-TERO TV

အဖြစ်ဆိုးလှသည့် သားအဖနှစ်ဦး ညောင်ပင်ပိ၍သေဆုံး

08 Feb 2018     1,390 Views


ဖေဖော်ဝါရီ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျွန်းစုမြို့နယ် ပသုတ်ကျွန်းကျေးရွာတွင် တောင်ပေါ်တွင် ပေါက်နေသော ညောင်ပင်ကြီးတစ်ပင် လူနေအိမ်ပေါ်သို့ လဲကျပြီး ၅ နှစ်အရွယ်ကလေးအပါအဝင် အမျိုးသားတစ်ဦးနှင့် တာဝန်ကျနယ်ထိန်း ရဲအရာရှိတစ်ဦးတို့ ညောင်ပင်ပိမိကာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။


အဆိုပါနေအိမ်ထဲတွင် ပုသုတ်ကျွန်းရွာသား ဦးအင်ပို၊ နယ်ထိန်းရဲအရာရှိ ဇော်မင်းလတ်နှင့် သူ၏ ၅ နှစ်အရွယ်သမီးငယ်တို့ ရှိနေစဉ် တောင်ပေါ်မှ ညောင်ပင်အိမ်ပေါ်သို့ ပြုတ်ကျကာ သုံးဦးစလုံး ညောင်ပင်ပိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
ကျေးရွာမှ ရွာသူရွာသားများက ညောင်ပင်အား ဖြတ်တောက်ရှင်းလင်းကာ သေဆုံးသူများကို ရှာဖွေသယ်ဆောင်ခဲ့ကြောင်း Ko Aung Lin နှင့် Htike Nge တို့၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။
 


08 Feb 2018     1,390 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS