အထိခိုက်မခံတဲ့အသားအရေကို ဘယ်လိုထိန်းသိမ်းကြမလဲ..?
08 Feb 2018 2,032 Views
ဒီလိုအသားအရေပိုင်ရှင်မျိုးတွေဟာ အထူးသတိထားဖို့လိုအပ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အသားအရေကိုယ်တိုင်က ခုခံနိုင်တဲ့ အင်အားနည်းတဲ့အတွက် ကိုယ်နဲ့ဓာတ်မတည့်တာမျိုး၊ ဥပမာ သူများတွေ သုံးနေသလို နိုက်ခရင်မ်လေး ညအိပ်ယာဝင်တဲ့အခါ သုံးမိလိုက်မယ်ဆိုရင် အသားအရေက စုပ်ယူမှုမပြုနိုင်တဲ့အတွက် အပေါ်ယံမှာ အဆီခဲတွေလိုစုပြီး ဝက်ခြံတွေလည်း ဖြစ်လာတတ်ပါတယ်..
ဒီလိုအသားရေပိုင်ရှင်တွေ လုံးဝရှောင်ကျဉ်ရမယ့် အလှကုန်ပစ္စည်းတွေလည်း ရှိပါသေးတယ်၊ ဘာတွေဖြစ်မလဲဆိုတာကို ဆရာမ ဒေါ်နီနီအောင်က ဆွေးနွေးတင်ပြထားပါတယ်။







