ရုရှားခရီးသည်တင်လေယာဉ်ပျက်ကျ (၇၁)ဦးစလုံး သေဆုံး
12 Feb 2018 1,669 Views
ဖေဖော်ဝါရီ (၁၁) ရက်နေ့က ရုရှဦးခရီးသည်တင် လေယာဉ်တစ်စီး မော်စကိုမြို့အနီး၌ ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါသူ (၇၁)ဦးစလုံးသေဆုံးခဲ့ကြောင်း သိရှိသည်။
Saratov လေကြောင်းလိုင်းပိုင် AN-148 လေယာဉ်သည် အပူချိန် ၅ ဒီဂရီ ဆဲလ်စီယက် ထိအေးနေပြီး နှင်းများကျဆင်းနေချိန် Orsk မြို့မှ ပျံသန်းထွက်ခွာစဉ် မြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁,၅၀၀ အရောက်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။
သမ္မတဘလာဒီမာပူတင်က အဆိုပါလေယာဉ်ပျက်ကျမှုအတွက် အထူးဝမ်းနည်းကြေကွဲကြောင်း ပြောကားခဲ့ပြီး ဖြစ်စဉ်အမှန်ကို သိရှိရန် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းစေခဲ့သည်။ ပါလီမန်၏ ထုတ်ပြန်ချက်အရ လေယာဉ်ပေါ်ပါသူအားလုံး အသက်ရှင်ကျန်ရစ်သူမရှိဟု ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရှိရသည်။
လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းမှန်အား ဆက်လက်စုံစမ်းစစ်ဆေးလျှက်ရှိသည်။






