BEC-TERO TV

ရေနံသင့်ပစ္စည်းများ၏ထိခိုက်မှုကို ဂျပန်အစိုးရစုံစမ်းနေ

15 Feb 2018     1,465 Views


ဂျပန်နိုင်ငံတောင်ပိုင်းကကျွန်းတွေမှာ သောင်တင်နေတဲ့ ရေနံသင့်ပစ္စည်းတွေရဲ့ ဆိုးကျိုး သက်ရောက်မှုတွေကို ဂျပန်အစိုးရက စုံစမ်းမှုတွေပြုလုပ်နေပါတယ်။ အဲဒီပစ္စည်းတွေဟာ အီရန်သင်္ဘောကုမ္ပဏီကရေနံတင်သင်္ဘော(၁)စီး ဂျပန်ကျွန်းတွေရဲ့ကမ်းခြေ နားမှာနစ်မြုပ်ရာကနေ ရောက်လာတာဖြစ်တယ်လို့ ဂျပန်ဘက်ကယူဆနေပါတယ်။ အဲဒီပစ္စည်းတွေကို ရှင်းလင်းပြီး ဘာတွေပါ ၀င်နေတယ်ဆိုတာကို ဂျပန်အစိုးရက စိစစ်မှုတွေပြုလုပ်နေပါတယ်။
 
 
အဲဒီပစ္စည်းတွေမှာ လောင်စာဆီတွေနဲ့ရေနံစိမ်းတွေပါဝင် နိုင်ခြေရှိတယ်လို့ အာဏာပိုင်တွေက ယူဆနေကြပါတယ်။ အဲဒီရေနံယိုဖိတ်မှုတွေကြောင့် ငါးဖမ်းလုပ်ငန်းတွေနဲ့ ပင်လယ်သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုတွေ ရှိနိုင်တဲ့အတွက် အိုကီနာဝါကျွန်းကနေ ဂျပန်နိုင်ငံတောင်ဘက် ကျူရှူကျွန်းနားထိ ဂျပန်ရေပိုင်နက် တစ်လျှောက် ရေနံပါဝင်မှုတွေကို ဆက်စောင့်ကြည့်နေမှာဖြစ်တယ်လို့ ဂျပန်အာဏာ ပိုင်တွေက ပြောပါတယ်။ 
 
 
ပနားမားအလံတင်ထားတဲ့ အီရန်ရေနံတင်သဘောင်္ဆန်ချီဟာ တရုတ်ကုန်တင် သင်္ဘောတစ်စီးနဲ့ အရှေ့တရုတ်ပင်လယ်မှာ ပြီးခဲ့တဲ့ဇန်န၀ါရီလမှာ တိုက်မိခဲ့ပြီး သင်္ဘောဟာတစ်ပတ်ကြာ မီးလောင်ခဲ့ပြီးနောက် ပင်လယ်ပြင်ထဲမှာ နစ်မြုပ်ခဲ့ပါတယ်။ သင်္ဘောနစ်မြုပ်ခဲ့တဲ့ နေရာနားမှာ ရေနံကွက်တွေရှိနေတယ်လို့ တရုတ်မီဒီယာတွေက သတင်းဖော်ပြခဲ့ပါတယ်။
 
 
 

15 Feb 2018     1,465 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS