နံရံပေါ်မှ ဂရစ်ဖတီအရုပ်များ ဖျက်ပစ်ခဲ့တဲ့ အဆောက်အဦးပိုင်ရှင် ဒေါ်လာ ၆.၇ သန်းပေးလျော်ရ
16 Feb 2018 1,977 Views

အမေရိကန်နိုင်ငံ နယူးရော့ခ်မှ အိမ်ခြံမြေကုမ္ပဏီ တစ်ခုဟာ သူ့အပိုင်နေအိမ်တိုက်တန်း နံရံများပေါ်တွင် ရေးဆွဲထားသော ဂရစ်ဖတီ အရုပ်များအား ဆေးဖြူသုတ်ကာ ဖျက်ချခဲ့မှုကြောင့် ဒေါ်လာ ၆.၇ သန်း လျော်ကြေးပေးရန် တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

အိမ်ခြံမြေကုမ္ပဏီပိုင်ရှင် Wolkoff ဆိုသူက တရားရုံးတွင် သူပိုင်ဆိုင်သော တိုက်အိမ်ခန်းများ ဖြစ်သောကြောင့် သူ့အနေနဲ့ နံရံပေါ်မှ အရုပ်များကို ဖျက်ချပိုင်ခွင့်ရှိကြောင်း ပြန်လည်ချေပခဲ့သည်။ ဂရစ်ဖတီရေးဆွဲသူများဘက်ကလည်း ကမ္ဘာ့အထင်ကရ ဘာလင်တံတိုင်းပေါ်က နံရံပန်ချီအနုပညာလက်ရာတွေကိုတောင် ချန်ထားခဲ့သည့်အတွက် သူတို့၏ ဂုဏ်သိက္ခာ၊ ကြိုးစားအားထုတ်မှုနှင့် ဥပဒေဘောင်အတွင်းက ရေးဆွဲထားခဲ့သော အနုပညာလက်ရာများကို ဖျက်ခံလိုက်ရသည့်အတွက် နစ်နာမှုရှိကြောင်း ထွက်ဆိုခဲ့သည်။

Wolkoff ကုမ္ပဏီအနေနဲ့ သူတို့ပိုင်ဆိုင်သော အဆောက်အဦများကို မြေအောက်မီးရထားလမ်းမှ ကြည့်လိုက်ရင် ထင်သာမြင်သာရှိအောင် နေရာလွတ်များတွင် ဂရစ်ဖတီရေးဆွဲဖို့ အနုပညာရှင်များကို ၁၉၉၃ ခုနှစ်ထဲက ခွင့်ပြုထားခဲ့တာဖြစ်တယ်လို့ မှုတ်ဆေးပညာရှင် Jonathan Cohen က ပြောဆိုခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ၁၉၉၀ ခုနှစ် Visual Artists Right Act ဥပဒေအရ ဂရစ်ဖစ်တီပညာရှင်များ အနိုင်ရခဲ့ပြီး Wolkoff အနေနဲ့ ဒေါ်လာ ၆.၇ သန်းကို ဂရစ်ဖတီပညာရှင် ၂၁ ယောက်အား ပေးလျော်ရန် ဆုံးဖြတ်ခဲ့သည်။ Wolkoff အနေနဲ့ အဆိုပါ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ရန် ပြင်ဆင်သွားမည်ဖြစ်သည်။

ဒီအမှုဟာ အိမ်ခြံမြေစီးပွားရေးလုပ်ငန်းရှင်များအပေါ် အနုပညာရှင်များ အနိုင်ရခဲ့သည့် အောင်ပွဲကြီးတစ်ခုလည်းဖြစ်သည်။ ယနေ့ခေတ်တွင် အဆောက်အဦးပိုင်ရှင်များ ဆောက်လုပ်သူများက သူတို့၏ အဆောက်အဦးအထင်ကရဖြစ်စေရန် ပညာရှင်များကို ငှားယမ်းကာ ရေးဆွဲခွင့်ပေးနေကြပြီဖြစ်ပြီး ယင်းကဲ့သို့ ဂရစ်ဖတစ်အရုပ်များ နောက်ခံထားသည့် အဆောက်အဦများတွင် ကြောငြာရိုက်လိုသူများ၊ MTV ရိုက်လိုသူများ၊ ရုပ်ရှင်ရိုက်လိုသူအနေနဲ့ အခကြေးငွေပေးရသောကြောင့် Wolkoff ကဲ့သို့ အဆောက်အဦးပိုင်ရှင်များ အလုပ်ဖြစ်နေကြသည်။








