တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားတွေကိုဖေဖေါ်ဝါရီလ (၁၉)ရက်နေ့မှာ စတင်ထုတ်ပေးမည်
16 Feb 2018 1,528 Views

(၂၀၁၈)ခုနှစ်၊ မတ်လ(၇)ရက်နေ မတ်လ(၁၆)ရက်အထိကျင်းပမယ့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားတွေကို လာမယ့်ဖေဖော်ဝါရီလ(၁၉)ရက်မှာ ဖြေဆိုခွင့်ကဒ်ပြားတွေ ထုတ်ပေးသွားမှာ ဖြစ်တယ်လို့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လာမယ့်(၂၀၁၈)ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၀င်ရောက်ဖြေဆိုမယ့် တက္ကသိုလ်ဝင်ကျောင်းသားကျောင်းသူတွေအနေနဲ့ စာမေးပွဲဖြေဆိုခွင့် ကဒ်ပြားတွေကို သက်ဆိုင်ရာစာစစ်ဌာန၊ အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင်အထက်တန်းကျောင်းတွေမှာ ဖေဖော်ဝါရီလ (၁၉)ရက်မှာ ထုတ်ယူနိုင်တယ်လို့သိရပါတယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် ကဒ်ပြားထုတ်တဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ မိမိတို့မှတ်ပုံတင်ကဒ်ပြား၊ (ဒါမှမဟုတ်)ရပ်ကွက် ထောက်ခံချက်တွေနဲ့ သက်ဆိုင်ရာစာစစ်ဌာနမှထုတ်ယူနိုင်တယ်လို့သိရပါတယ်။
လာမယ့် ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် စာစစ်ဌာနတွေလည်း ထပ်တိုးလျှောက်ထားတာတွေလည်း ရှိတယ်လို့လည်းသိရပြီး တစ်နိုင်ငံလုံးအနေနဲ့ စာစစ်ဌာနပေါင်း (၁၇၄၂)ခုရှိပြီး နိုင်ငံခြားစာစစ်ဌာန(၂၁)ခုပါ ပါဝင်တယ်လို့သိရပါတယ်။ (၂၀၁၈)ခုနှစ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် စာစစ်ဌာနလျှောက်ထားရာမှ ဧရာဝတီတိုင်းဒေသကြီးမှာ စာစစ်ဌာနအများဆုံး ထားရှိမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးကစာစစ်ဌာနဒုတိယအများဆုံးပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။
(၂၀၁၈) ခုနှစ်မှာ တက္ကသိုလ်ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေက တစ်နိုင်ငံလုံးအတိုင်းအတာအရပြင်ပဖြေတွေ အပါအ၀င် စုစုပေါင်းကျောင်းသားကျောင်းသူ ရှစ်သိန်းလေးသောင်းကျော် စာရင်းပေးထားပြီးမနှစ်ကထက်စာရင် (၈)သောင်းဝန်းကျင်တိုးလာတယ်လို့ သိရပါတယ်။ ဒါ့အပြင်လာမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၀င်ရောက်ဖြေဆိုရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့  စစ်ကိုင်းတိုင်းဒေသကြီးတို့ မှာ ၀င်ရောက်ဖြေဆိုမယ့် ကျောင်းသားကျောင်းသူဦးရေမှာ ပိုများလာတယ်လို့ သိရပါတယ်။