စိတ်မကောင်းစရာ ၁၀ နှစ်အရွယ် အရက်သမားလေးဗီဒီယိုပျံ့နှံ့
19 Feb 2018 1,928 Views

လူမှုကွန်ယက်ပေါ်တွင် အသက်(၁၀) နှစ်သာရှိသေးသည့် ကလေးတစ်ဦး အရက်မူးနေသည့် ဗီဒီယိုပျံ့နှံ့လျှက်ရှိသည်။
ဗီဒီယိုအရ မြန်မာနိုင်ငံ၏ တောင်ပေါ်မြို့လေးတစ်နေရာဟု ယူဆရသော ကားလမ်းဘေးရှိ ထမင်းဆိုင်အနီးတွင် အမျိုးသမီးတစ်ဦးက အရက်မူးနေသည့် ကလေးတစ်ဦးအား မုန့်ဝယ်ကျွေးရန် ဘာစားချင်လဲဟု မေးမြန်းရာတွင် ကလေးက အရက်အမူးလွန်နေသော ဟန်ရှိပြီး ဗလုံးဗထွေးနဲ့ ပြန်လည်ဖြေကြားခဲ့သည်။
အမျိုးသားလား အမျိုးသမီးလားဟုပင် မခွဲခြားနိုင်တော့ပဲ အမျိုးသမီးအား “မုန့်ဖိုးပေးပါကိုကိုကြီးရေ” လို့ ပြောလိုက်ပုံမှာ ချစ်စရာ သနားစရာပင်ကောင်းနေတော့သည်။ မည်သို့ပင်ဖြစ်စေ (၁၀)နှစ်အရွယ်နဲ့ အရက်စွဲနေသော ကလေးငယ်ကို ကြည့်ရသူတိုင်း စိတ်မကောင်းဖြစ်နေကြရသည်။
နီးစပ်ရာ တာဝန်ရှိသူများအနေနဲ့ ထိုကဲ့သို့သော ကလေးငယ်များကို ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါလို့ မေတ္တာရပ်ခံလိုက်ပါရစေ..။








