BEC-TERO TV

လူတိုင်းရဲ့နယူးဖိဒ်စ်မှာ ပျံ့နှံ့နေတဲ့ ကောင်မလေး နှင်းအိနြေ္ဒရှင်

19 Feb 2018     1,717 Views


ဖေဖော်ဝါရီ ၁၈ ရက် The Voice Myanmar အစီစဉ်ရဲ့ Blind Audition ပထမဆုံးအပိုင်း ထုတ်လွှင့်မှုအပြီးမှာပဲ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူသွားပြီး တဟုန်ထိုး လူကြိုက်အများဆုံး ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်လာတဲ့ ကောင်မလေး တစ်ယောက်ဖြစ်ပါတယ်။

အသက်(၁၉)နှစ်သာ ရှိသေးပေမယ့် အသက်အရွယ်နဲ့ မလိုက်ဖက်အောင် တစ်ကယ်ခက်ခဲပါတယ်ဆိုတဲ့ အော်ပရာ ပုံစံမျိုးကို ပိုင်ပိုင်နိုင်နိုင် သီဆိုချပြသွားနိုင်ခဲ့ပါတယ်။ ဒီလိုသီဆိုသွားနိုင်ပေမယ့် အဆိုသင်တန်းတွေ တက်ခဲ့ဖူးသူမဟုတ်ပဲ အော်ပရာ အဆိုတော် တစ်ယောက်ဖြစ်ချင်တာကြောင့် အွန်လိုင်းကနေ ကိုယ်တိုင်လေ့လာပြီး သင်ယူခဲ့တာပါလို့ ဆိုပါတယ်။

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ နှင်အိနြေ္ဒရှင်က စင်ကာပူနိုင်ငံမှာလည်း Business Management Diploma တက်ခဲ့ပြီး သူမရဲ့ အိမ်မက်ကတော့ တစ်နေ့ကျရင် သီချင်းတွေကို သူ့ရဲ့ပုံစံ သူ့ရဲ့ခံစားချက်အတိုင်း ပရိသတ်နဲ့ တစ်သားထဲကျနေတဲ့ အဆိုတော်တစ်ယောက် ဖြစ်ချင်ပါတယ်တဲ့။

သီချင်းဆိုပြိုင်ပွဲတွေ တစ်ခါမှ မပြိုင်ခဲ့ဖူးသေးပေမယ့် သူမရဲ့ ဖေ့စ်ဘွခ်​ပေါ်မှာတော့ ဆန္ဒရှိတဲ့သီချင်းတွေကို ကာဗာပြန်လည်သီဆိုနေသူဖြစ်ပြီး ကိုယ်ပိုင် ဖော်လိုဝါ၊ ကိုယ်ပိုင်ပရိသတ် ရှိနှင့်ပြီးသားတစ်ယောက်လည်းဖြစ်ပါတယ်။

The Voice Myanmar ရဲ့ Blind Audition မှာ နည်းပြလေးဦးစလုံးရဲ့ ရွေးချယ်ခြင်းခံခဲ့ရပြီး သူမကတော့ ကိုကျားပေါက်ကို နည်းပြအဖြစ် ပြန်လည်ရွေးချယ်ခဲ့ပါတယ်။ ကိုကျားအတွက် အထားအားထားရမယ့် ပြိုင်ပွဲဝင်တစ်ဦးအဖြစ် ပရိသတ်လက်ခံထားကြပြီး လာမယ့် နောက်တစ်ဆင့် Battle Round မှာ ဘယ်လို အစွမ်းတွေ ထုတ်ပြရဦးမလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။

The Voice Myanmar  အစီစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း MRTV 4 လိုင်းမှ ည ၉ နာရီမှာ ထုတ်လွှင့်လျှက်ရှိပြီး ပြန်လည်ပြသမှုကိုတော့ စနေနေ့ည ၉ နာရီမှာ MRTV 4 ကနေပဲ ထုတ်လွှင့်ပေးလျှက်ရှိပါတယ်။
 


19 Feb 2018     1,717 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment