BEC-TERO TV

စအိုထဲရွှေချောင်းများထည့်သယ်ခဲ့သည့် ကိုရီးယားအမျိုးသမီးများ အုပ်စုလိုက်ဖမ်းခံရ

22 Feb 2018     1,597 Views


ရွှေချောင်းများကို စအိုထဲထည့်ကာ မှောင်ခိုသွင်းလာသည့် ကိုရီးယားအမျိုးသမီးခရီးသည် ခုနှစ်ဦး ဂျပန်နိုင်ငံ ချူဘူးလေဆိပ်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။

အသက် ၅၀ နှင့် ၆၀ ပတ်ဝန်းကျင်အမျိုးသမီးကြီး ခုနှစ်ဦးသည် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်မှ ထွက်ခွာလာခဲ့ပြီး ဂျပန်နိုင်ငံလေဆိပ်အရောက်တွင် ဓါန်မှန်ခန်း X-Ray ဖြတ်ရာမှ စအိုအတွင်းသယ်ဆေယင်လာသော ရွှေချောင်းများကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

တစ်ဦးလျှင် အလေးချိန် ၂၀၀ ဂရမ်ခန့်စီရှိသော ရွှေချောင်း ငါးချောင်းခြောက်ချောင်းခန့်ကို စအိုထဲထည့်ကာ မှောင်ခိုသယ်လာခဲ့ခြင်းဖြစ်သည်။ ဂျပန်အာဏာပိုင်းများက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ကြီးလေးသော ငွေဒဏ်များကို ပေးဆောင်ပြီးမှသာ အမျိုးသမီးများကို ရွှေချောင်းများပြန်လည် ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 


22 Feb 2018     1,597 Views




RELATED

Most Popular of Special or Others

Most Popular of NEWS