BEC-TERO TV

သင်းမသိသေးတဲ့ အောင်လအန်ဆန်းငယ်ဘဝနဲ့ ဖြတ်သန်းလာရတဲ့ ခရီးရှည်

23 Feb 2018     1,736 Views


ယှဉ်ပြိုင်ခြင်းနဲ့ နေသားကျနေပါပြီဆိုတဲ့ အောင်လအန်ဆန်းဟာ ၂၀၁၇ ခုနှစ်က Vitaly Bigdash ကို ရှုံးကြွေးဆပ်ပြီးတဲ့နောက် ကမ္ဘာ့မစ်စဒယ်လ်ဝိတ်တန်းချံပီယံ တစ်ဦးဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကမ္ဘာ့ဟဲဗီးဝိတ်ချံပီယံ Alain Ngalani ကို အလွတ်တန်းစိတ်ခေါ်ပြီး ပထမအချီမှာတင် အနိုင်ယူပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

အောင်လအန်ဆန်းဟာ ငယ်စဉ်က ရန်ကုန်အင်တာနေရှယ်ကျောင်းမှာ ပညာသင်ယူခဲ့ကာ အမှတ်ကောင်းပြီး စာတော်တဲ့ ကျောင်းသားတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အားကစားအသင်းများမှာလည်း ပါဝင်လှုပ်ရှားသူဖြစ်ပြီး လူသိများထင်ရှားတဲ့ ကျောင်းသားတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရည်မှန်းချက်တွေထားတာမျိုးတော့ မရှိခဲ့ပါဘူး။

သူများတွေနဲ့ မတူဘူးလို့ ဆိုရမလားပဲ၊ ကျွန်တော်ငယ်ငယ်တုန်းတော့ ရည်ရွယ်ချက်ကြီးကြီးမားမား ထားခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။ ပေါ့ပေါ့ပါးပါးပဲ နေခဲ့တာ၊ အခုလို ကိုယ့်ကိုယ်ကို တွန်းအားတွေနဲ့ လုပ်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး” လို့ သူက ဝန်ခံပြောကြားခဲ့ပါတယ်။

ကျွန်တော့စိတ်ထဲမှာ ဘုရားသခင်က လမ်းညွှန်ပြပေးနေသ၍တော့ အဆေင်ပြေနေမှာပဲလို့ပဲ မှတ်ထားတယ်၊ ဘာရဉ်ရွယ်ချက်တွေမှလည်း မရှိခဲ့ဘူး၊ အဲ့ဒါကျွန်တော့ရဲ့ ပြဿနာပဲ” လို့ ရယ်ရယ်မောမောနဲ့ ပြောဆိုခဲ့ပါတယ်။

အောင်လအန်ဆန်းဟာ ကျောက်ကုန်သည်ဖြစ်တဲ့ သူ့ရဲ့ဖခင်ကို အားကျခဲ့ပေမယ့် ကလေးဘဝက ဖခင်နဲ့သိပ်ပြီး နီးနီးကပ်ကပ်မနေခဲ့ရပါဘူး။

အဖေက အရမ်းအလုပ်လုပ်တာ၊ ကျွန်တော်တို့ငယ်ငယ်က အဖေနဲ့ အတူနေရတဲ့အချိန် ရှားတယ်။ ဒါပေမယ့် အဖေပြန်လာရင်တော့ ကျွန်တော်တို့ မိသားစုအတွက် လက်ဆောင်ပစ္စည်းလေးတွေ ယူလာတတ်တယ်

ကျွန်အဖေ့အပေါ် လေးစားမိတဲ့အချက်က သူကအတန်းပညာမတတ်ဘူး၊ အလယ်တန်းပညာရေးလောက်ပဲရှိတာ ဒါပေမယ့် သူက အမြဲသင်ယူနေတတ်တဲ့ လူတစ်ယောက်ပါ

အဖေက ဘာသာစကား ခုနှစ်မျိုးလောက်ပြောတတ်တယ်၊ မြန်မာ၊ အင်္ဂလိပ်၊ ထိုင်း၊ တရုပ်နဲ့ မန်ဒရင်းဘာသာတွေပေါ့။ အတန်းပညာ နည်းနည်းပဲရှိတဲ့သူက ဘာသာစကားတွေအများကြီးပြောပြီး စီးပွားရေးလုပ်လို့ အောင်မြင်တယ်ဆိုတဲ့အချက်ကို ကျွန်တော် အရမ်းလေးစာတာ” ဟု အောင်လအန်ဆန်းက ပြောကြားခဲ့ပါတယ်။

အဖေက အမြဲပြောတယ် မင်းဘယ်နေရာကိုရောက်နေနေ မင်းရဲ့ဇစ်မြစ်ကို မေ့မသွားနဲ့၊ ငါဟာဘယ်ကနေ လာတာလဲဆိုတာကို အမြဲတွေးပြီး ကူညီနိုင်သမျှ ကူညီပါ” လို့ မကြာခဏမှာကြားခဲ့ပါတယ်။

ဖခင်ရဲ့စကားတွေနဲ့ နေထိုင်ရင်း ဆယ်စုနှစ်များကြာတဲ့အခါမှာတော့ သူ့မှာရည်ရွယ်ချက်တွေ ခိုင်မာလာခဲ့ပါတယ်။ စိုက်ပျိုးရေးသိပ္ပံသင်တန်း တက်ရောက်ဖို့ ၂၀၀၃ ခုနှစ် မြန်မာပြည်ကနေ အမေရိကားကို ထွက်ခွာသွားချိန် သူ့ရဲ့ကျောင်းက အားကစားခန်းမထဲမှာ အတန်းဖော်ဖြစ်သူက သဲအိတ်တွေ တစ်ဒိုင်းဒိုင်းနဲ့ ထိုးနေတာကို သူစပြီး မျက်စိကျခဲ့ပါတယ်။

တစ်ပတ်လောက်အကြာမှာတော့ နှစ်ယောက်သား အင်ဒီယာနာမှာရှိတဲ့ Carlson Gracie ဒိုဂျိုအသင်းမှာ ကိုယ်ခံပညာတွေ သင်ရာကနေ အစပြုခဲ့ပါတယ်။ ဒီနေ့ အောင်လအန်ဆန်းဖြစ်လာဖို့ ဆယ်စုနှစ်များ ဖြတ်ကျော်ပြီး ပေးဆပ်မှု လေ့ကျင့်မှုတွေနဲ့ ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။

အောင်လအန်ဆန်းရဲ့ MMA ယှဉ်ပြိုင်ထိုးသတ်မှု ဗီဒီယိုတွေ YouTube ပေါ်မှာ ထွက်ပေါ်လာခဲ့ပြီးနောက် မြန်မာပရိသတ်တွေ တစ်စ တစ်စတိုးလာခဲ့ပါတယ်။
၂၀၁၇ ခုနှစ် ဇွန်လတုန်းက Vitaly Bigdash ကို အနိုင်ယူပြီးနောက် ကမ္ဘားမစ်ဒယ်လ်ဝိတန်း ချံပီယံတစ်ဦးဖြစ်လာခဲ့ပြီး ပထမဦးဆုံး မြန်မာလာမျိုး ချံပီယံတစ်ဦးအဖြစ် သမိုင်းတွင်ခဲ့ပါတယ်။

ကျွန်တော်ဖြစ်ချင်ခဲ့တာ တစ်ခုပဲရှိတယ်၊ အဲ့ဒါအဖေ့အတွက် ဂုဏ်ယူရတဲ့ သားတစ်ယောက်ဖြစ်စချေင်တာ၊ အခုဆိုရင် ကျွန်တော် လမ်းကြောင်းမှန်ပေါ်ရောက်နေပါပြီ၊ ကျွန်တော်ပျော်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

 


23 Feb 2018     1,736 Views




RELATED

Most Popular of Boxing

Most Popular of NEWS