ရည်းစားရှိရက်နဲ့ ဖားကန့်ကနေ The Voice Myanmar ကိုအရောက်လာခဲ့တဲ့ Andrew
23 Feb 2018 2,138 Views
Andrew တစ်ယောက်ကတော့ ကချင်ပြည်နယ် ဖားကန့်မြို့ကနေ The Voice Myanmar ကို မျှော်လင့်ချက်တွေ တစ်လှေကြီးနဲ့ အရောက်လာခဲ့သူဖြစ်ပါတယ်။
The Voice Myanmar ဟာ သူ့အတွက် ပထမဦးဆုံး သီချင်းဆိုပြိုင်ပွဲလည်းဖြစ်ပါတယ်။ သူ့ရဲ့အနုပညာကို ပရိသတ်တွေရှေ့မှောက်မှာ မှတ်ကျောက်တင်ခံကြည့်ရင်း The Voice Myanmar နည်းပြတွေဆီကနေ ဘာတွေများ ဆက်လက်သင်ယူနိုင်ဦးမလဲလို့ မျှော်လင့်ထားသူလည်းဖြစ်ပါတယ်။
မနီနီခင်ဇော်ရဲ့ အသင်းသားအဖြစ် ရောက်ရှိသွားတဲ့ Andrew ၊ နောက်တစ်ဆင့် Battle Round မှာ ဘယ်လိုယှဉ်ပြိုင်ဦးမလဲဆိုတာ အပတ်စဉ် တနင်္ဂနွေည MRTV 4 မှာ စောင့်မျှော်အားပေးကြပါဦး။