The Voice Myanmar ကနေ မိဘတွေကို သက်နိုးဝေ ပေးလိုက်တဲ့ ကတိစကား
23 Feb 2018 2,321 Views
မတူညီတဲ့ အရပ်ဒေသ အသီသီးကနေ The Voice Myanmar ကို ရောက်လာခဲ့ကြပေမယ့် ပြိုင်ပွဲဝင်တွေအားလုံးရဲ့ ရည်မှန်းချက်ကတော့ ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ဆိုတာပဲ ဖြစ်ပါတယ်။
ဒီအထဲမှာ သက်နိုးဝေကလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ဝါသနာတူ အပေါင်းအသင်းများနဲ့ အဖွဲ့လေးတစ်ခုဖွဲ့ထားပြီး မင်္ဂလာဆောင်တွေ ပွဲတွေမှာ လိုက်လံသီဆိုနေသလို ဖေ့စ်ဘွခ်ပေါ်မှာလည်း မကြာခဏ ကာဗာသီချင်းလေးတွေ ပြန်ဆိုပြီး တင်ထားတတ်သူဖြစ်ပါတယ်။
အနုပညာအလုပ်နဲ့ပဲ မိဘတွေကို ပြန်လုပ်ကျွေးနိုင်ရမယ်လို့ The Voice Myanmar အစီစဉ်ကနေ ကတိပေးစကား ပြောခဲ့တာကို တွေ့ရပါတယ်။
မနီနီခင်ဇော်ရဲ့ အသင်းသားအဖြစ် ရောက်ရှိသွားတဲ့ သက်နိုးဝေ၊ နောက်တစ်ဆင့် Battle Round မှာ ဘယ်လိုယှဉ်ပြိုင်ဦးမလဲဆိုတာ အပတ်စဉ် တနင်္ဂနွေည MRTV 4 မှာ စောင့်မျှော်အားပေးကြပါဦး။