BEC-TERO TV

ခွေးရူးရောဂါအကြောင်းသိိကောင်းစရာ

20 Jul 2015     1,690 Views


(RABIES) လို့ခေါ်တဲ့ခွေးရူးရောဂါဟာသေစေနိုင်လောက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ပဲဖြစ်ပါတယ်။ခွေးရူးရောဂါဟာကူးစက်ခံနေရတဲ့ တိရစ္ဆာန်မှ တစ်ဆင့် လူတွေဆီကို ကူးစက်လာခြင်းပဲဖြစ်ပါတယ်။ခွေးရူးရောဂါ ကူးစက်ခံနေတဲ့ တိရစ္ဆာန်တွေရဲ့တံတွေးကနေ တစ်ဆင့် လူတွေဆီကူးဆက်နိုင်တာဖြစ်တဲ့အတွက်ဒီတိရစ္ဆာန်တွေအကိုက်ခံရတယ်ဆိုရင်တော့လူတွေဆီ ကူးစက်နိုင်ပါတယ်။
 
ထိုရောဂါလက္ခဏာတွေကတော့ ခေါင်းကိုက် ၊ဖျားနာ ၊ နှာစေး ၊ အော့အန် တာမျိုးဖြစ်တက်ပါတယ်။ စိတ်နဲ့ပတ်သတ်တာဆိုရင် စိတ်ကစင့်ကလျားဖြစ်တာမျိုး ၊ စိတ်ဂနာမငြိမ်ဖြစ်တာမျိုး၊ အိပ်မပျော်တာမျိုး ၊ ကိုယ်တစ်ခြမ်းလေဖြတ်တာမျိုးတွေ့ရတက်ပါတယ်။
 
ထိုရောဂါဖြစ်နေတဲ့ သူတွေဟာ တစ်ချိန်လုံးထကြွသောင်းကျန်းတာတွေ၊ အစားအစာစားတဲ့အါမှာ မျိုရခက်တာတွေ ၊ရေသောက်တဲ့အခါမှာလည်း ရေမျိုရခက်တဲ့အခါ ရေကြောက်တက်တာမျိုးတွေလည်းတွေ့ရတက်ပါတယ်။ မိမိရဲ့ဦးခေါင်း ၊ လည်ပင်းနဲ့လက်တွေ မှာ ဒဏ်ရာရှိမယ်ဆိုရင်လည်း ခွေးရူးရောဂါဟာမိမိခန္ဓာကိုယ်ကိုဝင်ရောက်နိုင်ပါတယ်။ ခွေးရူးရောဂါဟာလူကိုသေစေနိုင်လောက်တဲ့အထိ အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက်ကြောင့်စနစ်တကျကုသဖို့အရေးကြီးပါတယ်။
 
မိမိမှာ ခွေးရူးရောဂါ ကူးစက်ခံရပြီလို့ထင်တယ်ဆိုရင်ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးရောဂါကာကွယ်ဆေးကိုစနစ်တကျထိုးဖို့လိုပါတယ်။ ထိုရောဂါပိုးရှိတယ်လို့ သံသယရှိတဲ့ တိရစ္ဆာန်တွေကိုထိခြင်း ၊ ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေကို (VACCINE ) လို့ခေါ်တဲ့ ကာကွယ်ဆေးကို ပုံမှန်ထိုးပေးသင့်ပါတယ်။

20 Jul 2015     1,690 Views




RELATED

Most Popular of Health Fix

Most Popular of Life Style