ခေါင်းဖြူပေမယ့် ကျောင်းသူကိုတော့ ရနိုင်သေးတယ်ဆိုတာ သက်သေပြလိုက်သူ
28 Feb 2018 1,676 Views

လာအိုနိုင်ငံက အသက် ၇၀ အရွယ် ဖိုးဖိုးနဲ့ အသက် ၂၀ သာရှိသေးတဲ့ မိန်းကလေးတစ်ယောက်တို့ လက်ထပ်လိုက်တဲ့ သတင်းက ယနေ့အင်တာနက်ပေါ်မှာ လူစိတ်ဝင်စားမှုအများဆုံး သတင်းတစ်ပုဒ်ဖြစ်လို့နေပါတယ်။


သတင်းများအရ မင်္ဂလာဆောင်လိုက်တဲ့ အသက် ၂၀ အရွယ်သတို့သမီးလေးက ပညာရေးမပြီးဆုံးသေးတဲ့ ကျောင်းသူလေးဖြစ်နေပါသေးတယ်။ ဖိုးဖိုးက သတို့သမီးလေးကို လာအိုငွေကြေး ၉၉ သန်း (ကျပ် ၁၅၈ သိန်းကျော်)၊ ရွှေ ၅ ကျပ်သား၊ ကားတစ်စီး၊ အိမ်တစ်လုံးနဲ့ တင်တောင်းခဲ့တာဖြစ်ပါတယ်။



အချစ်စစ်သာမှန်လို့ကတော့ လူနှစ်ဦးကြားမှာ ဘယ်အရာကမှအတားအဆီးမဟုတ်ဘူးဆိုတာကို ဒီဖြစ်ရပ်က နမူနာပြနေတယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြရေးသားထားကြပါတယ်။







