BEC-TERO TV

ကိုယ်ခန္ဓာအနံ့ဆိုးများထွက်ခြင်းအကြောင်းသိကောင်းစရာ

20 Jul 2015     1,476 Views


ချွေးထွက်ခြင်းနဲ့ ကိုယ်နံ့ပြဿနာဟာ လူတော်တော်များများကြုံတွေ့ရတဲ့ရောဂါတစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ရာသီဥတု တအားပူတဲ့အခါမျိုး ၊ အားကစားလှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်တဲ့အခါမျိုး ၊ စိတ်လှုပ်ရှားတဲ့အခါမျိုး ၊ စိတ်ဖိစီးမှုများတဲ့အခါမျိုးတွေမှာတွေ့ရတက်ပါတယ်။ လူတွေရဲ့ခန္ဓာကိုယ်မှာမတူညီတဲ့ချွေးအမျိုးအစားတွေကိုထုတ်ပေးတဲ့ ကလိန်း(၂)မျိုးရှိပါတယ်။
 
ဒီချွေးအမျိုးအစား(၂)ခုလုံးမှာအနံ့မရှိပါဘူး။ပထမဦးဆုံးအနေနဲ့ကလိန်းတစ်ခုကထုတ်လိုက်တဲ့ချွေးအမျိုးအစားကအရေပြားမျက်နှာပြင်ဆီကိုတိုက်ရိုက်တက်သွားပါတယ်။နောက်တစ်မျိုးကထုတ်လိုက်တဲ့ အရည်ကတော့ အရေပြားရဲ့မျက်နှာပြင်ပေါ်သို့တိုက်ရိုက်တက်မသွားပဲဂျိုင်း ၊ ပေါင်ခြံတို့ဆီမှာ ရှိတဲ့ မွှေးညင်းပေါက်လေးတွေဆီသို့ဝင်သွားတက်ပါတယ်။
 
ခန္ဓာကိုယ်အပူချိန်မြင့်တက်လာတဲ့အခါမျိုးမှာ ပထမ ကလိန်းအမျိုးအစားမှာရှိတဲ့အရည်ဟာအရေပြားမျက်နှာပြင်ပေါ်သို့တိုက်ရိုက်တက်သွားပြီးတဲ့ ခန္ဓာကိုယ်မှာ အငွေ့ပြန်လာပြီး ခန္ဓာကိုယ်ကိုအေးမြစေပါတယ်။ဒီရေမှာဆိုရင် ရေနဲ့ ဆားဓာတ်တွေအများဆုံးပါဝင်ပါတယ်။ စိတ်ဖိစီးမှု ၊ စိတ်လှုပ်ရှားမှု များလာတဲ့အခါမျိုးမှာဆိုရင် ကလိန်းနောက်တစ်ခုက ထုတ်လိုက်တဲ့အရည်တွေဟာထွက်လာနိုင်ပါတယ်။ ထိုအရည်မှာအနံ့မရှိပေမယ့် ဂျိုင်း ၊ ပေါင်ခြံတို့မှာရှိတဲ့ဘက်တီးရီးယား ပိုးတွေနဲ့ပေါင်းစပ်သွားတဲ့အခါမှာ ထိုအရည်ဟာ အနံ့ရှိလာနိုင်ပါတယ်။
 
ဒီရောဂါလက္ခဏာတွေက တစ်ဦးနဲ့ တစ်ဦး မတူညီပါဘူး။ တစ်ချို့မှာ ချွေးထွက်အလွန်များခြင်း ၊ တစ်ချို့မှာချွေးထွက်နည်းပြီးတော့တစ်ချို့မှာချွေးလုံးဝမထွက်ပါဘူး။ တစ်ချို့မှာ ချွေးထွက်တဲ့ပြဿနာကြောင့် လုပ်ငန်းဆောင်တာတွေကိုထိခိုက်နိုင်ပါတယ်။ တစ်ချို့တွေမှာဆိုရင် ခန္ဓာကိုယ်အနံ့ပြောင်းသွားတဲ့အထိကိုဖြစ်တက်ပါတယ်။ထိုရောဂါနဲ့ ပတ်သတ်ပြီး ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်။သွေး ၊ ဆီး စစ်ခြင်းလည်းပြုလုပ်သင့်ပါတယ်။
 
ရောဂါကိုကုသတဲ့အခါမှာ အလွယ်တကူဝယ်လို့ရတဲ့ ချွေးနဲ့ပျောက်ဆေး ၊ ချွေးတိတ်ဆေးတွေကိုအသုံးပြုနိုင်ပါတယ်။ထိုဆေးတွေနဲ့ မလုံလောက်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးအလူမီနီယမ်ကလိုရိုက် ကိုအသုံးပြုနိုင်ပါတယ်ကြိုတင်တဲ့ကာကွယ်တဲ့အနေနဲ့ကတော့နေထိုင်မှုပုံစံကိုပြောင်းလဲပေးဖို့လိုအပ်ပါတယ်။
 
တစ်ကိုယ်ရည်သန့်ရှင်းရေးကအရေးကြီးပါတယ် ။ရေမှန်မှန်ချိုးသင့်ပါတယ်။ ရာသီဥတုနဲ့သင့်လျှော်တဲ့ အဝတ်အစားကိုရွေးချယ်ဝတ်သင့်ပါတယ်။.ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်း ၊ တရားထိုင်ခြင်းဖြင့်လည်းစိတ်ဖိစီးမှုကိုလျော့ကျနိုင်ပါတယ်။ အစားအစာတွေမှာလည်း ကဖင်းဓာတ်များတဲ့အစားအစာတွေ အစပ်ဓာတ်များတဲ့အစားအစာတွေကလည်းချွေးနဲ့ထွက်ခြင်းတွေကိုဖြစ်နိုင်ပါတယ်။ချွေးတိတ်ဆေးတွေကိုလက်ဖဝါး ၊ ခြေဖဝါးတွေမှာအသုံးပြုပေးမယ်ဆိုရင်လည်းဒီရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။

20 Jul 2015     1,476 Views




RELATED

Most Popular of Health Fix

Most Popular of Life Style