အပင်စိုက်နည်း ပြသတဲ့ဗီဒီယိုက ခဏအတွင်း ကြည့်ရှုသူ ၁၀ သန်းကျော်ရှိနေ
05 Mar 2018 1,903 Views
အွန်လိုင်းသုံးနေတဲ့ လူတွေရဲ့ စိတ်က တစ်ခါတစ်လေကျရင် တစ်ကယ်ကိုခန့်မှန်းရခက်ပါတယ်။ လူမှုကွန်ယက်မှာ ဆယ်လီဖြစ်ချင်ကြလို့ မျိုးစုံလုပ်ပြပေမယ့်လည်း စိတ်ဝင်စားချင်မှ ဝင်စားတာ။ အမျိုးသမီးတစ်ယောက်က သူ့အိမ်ရှေ့က ပန်းအိုးထဲမှာ အပင်စိုက်နေတဲ့ ဘာမဟုတ်တဲ့ ဗီဒီယိုက ကြည့်ရှုသူ ၁၀ သန်းကျော်သွားတယ်တဲ့...

ဗီဒီယိုထဲက အမျိုးသမီးရဲ့ အမည်က Katie ဆိုသူဖြစ်ပြီး ကြိုးတစ်လုံးအင်္ကျီဝတ်ကာ သစ်ပင်စိုက်တဲ့ နည်းလမ်းတွေကို ပြောပြေပေးနေတာပါ။ ဒါနဲ့များ သစ်ပင်စိုက်ဝါသနာပါတဲ့ သူတွေအတော်များတယ်ထင်ပါ့ သူမရဲ့ ဗီဒီယိုဟာ တင်ပြီး သိပ်မကြာခင် YouTube မှာ ကြည့်ရှုသူ ၁၀ သန်းကျော်သွားပါတယ်တဲ့..။
ထူးဆန်းပါပေ့ဗျာ.. မိတ်ဆွေလဲ စိုက်ပျိုးရေးဝါသနာပါရင်တော့ ကြည့်သင့်တယ်နော..








