မျက်လုံးကင်ဆာဖြစ်နေတဲ့ ကောင်လေးကိုလုံးဝ ထားမသွားတဲ့ ရှာမှရှားတဲ့ချစ်သူ
06 Mar 2018 2,570 Views

အချစ်ဆိုတာကို ပိုင်ဆိုင်ခြင်း၊ ရယူခြင်း၊ စွန့်လွှတ်ခြင်းတွေနဲ့ အဓိပ္ပါယ်မျိုးစုံ ဖွင့်ဆိုနေချိန်မှာ သစ္စာရှိမှုဆိုတာကသာ တစ်ကယ်အရေးကြီးကြောင်း ထိုင်းနိုင်ငံက အမျိုးသမီးလေးတစ်ဦးက ပြသလိုက်ပါတယ်။

“Pooh Chokchai Kawe” ဆိုတဲ့ လူငယ်လေးဟာ မျက်လုံးကင်ဆာဝေဒနာခံစားနေရပြီး ရောဂါရဲ့အဆိုးရွားဆုံး အခြေအနေကြောင့် ပုံထဲမှာမြင်ရတဲ့အတိုင်း မျက်နှဦတစ်ခုလုံး ဖူးယောင်ကာ ပုံပျက်ပန်းပျက် ဖြစ်နေပါပြီ။ ဒါပေမယ့် သူ့ရဲ့ချစ်သူ ကောင်မလေး “Atittaya Chumkeaw” ကတော့ သူ့ကိုပစ်မသွားပဲ အနားမှာအမြဲအားပေးပြီး အရင်လိုပဲဆက်ချစ်နေပါတယ်။

သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်းက သုံးနှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့ကောင်လေးကို အရင်အတိုင်ပဲ ချစ်နေပါတယ်လို့ “Atittaya Chumkeaw” က ဆိုပါတယ်။

“Pooh” ဟာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စတင်ကာ ဝေဒနာခံစားခဲ့ရပြီး ခွဲစိတ်မှုတွေ ဓါတ်ကင်တာတွေ လုပ်ပေမယ့် ကင်ဆာဆဲလ်က ရပ်မသွားပဲ ဆက်ပွားလာခဲ့ပြီး မျက်နှာတစ်ခုလုံးကို တစ်ဖြည်းဖြည်း ဝါးမျိုလာနေပါတယ်။


ဒါပေမယ့် “Pooh” ကတော့ ဝေဒနာကိုကြံကြံခံရင်း အသက်ဆက်ရှင်ဖို့ မျှော်လင့်ချက်ထားနေပါသေးတယ်။ သူ့ရဲ့ နံဘေးမှာတော့ ရှာမှရှားတဲ့ သစ္စာမြဲမြံသူ ကောင်မလေးက နောက်ဆုံးအချိန်ထိ အားပေးနေမှာ သေချာပါတယ်။








