BEC-TERO TV

ဆန္ဒကိုသိက္ခာနဲ့ မထိန်းနိုင်ခဲ့တဲ့ လေယာဉ်စီးခရီးသည်တစ်ဦး ဖမ်းဆီးခံရ

09 Mar 2018     1,614 Views


ကိုယ့်ရဲ့ စိတ်ဆန္ဒကို လေယာဉ်စီးနင်းချိန် ခဏတာလေးမှာတောင် မထိန်းသိမ်းနိုင်ခဲ့ပဲ ကိုယ်လုံးတီးချွတ်ကာ အပြာရုပ်ရှင်များ ဖွင့်ကြည့်ခဲ့တဲ့အတွက် တက္ကသိုလ်ကျောင်းသားတစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်က ထွက်ခွာလာတဲ့ Malindo လေကြောင်းလိုင်းပေါ်မှာ လိုက်ပါလာတဲ့ ဘင်္ဂလားဒေ့ရှ်လူမျိုး အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသာဟာ လေယာဉ်ထိုင်ခုံမှာပဲ အဝတ်အစားတွေ အကုန်ချွတ်ချပြီး သူ့ရဲ့ကွန်ပျူတာဖွင့်ကာ အပြာကားတွေ ကြည့်ပါတော့တယ်။

ဒီလောက်မျှသာမကပဲ နိုးကြွလာတဲ့ ကာမစိတ်ကို နေရမှာတင် အာသာဖြေခဲ့တဲ့အပြင် အဲဒီနေရာမှာတင် ဆီးပါသွားခဲ့ပါသေးတယ်။ ဒါတွေအားလုံးကို ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်ပဲ လုပ်ခဲ့တာဖြစ်ပါတယ်။

လေယာဉ်အမှုထမ်းတွေက သူ့ကို အဝတ်အစားတွေပြန်ဝတ်ဖို့ ပြောခဲ့ပါတယ်၊ အဲဒီနောက် သူက လေယာဉ်နောက်ပိုင်းရှိ အိမ်သာသို့ သွားစဉ် လေယာဉ်မယ်တစ်ဦးကို အတင်းဖက်ခဲ့တာကြောင့် လေယာဉ်မယ်က ရုန်းတဲ့အခါ သူက လက်တုန့်ပြန်ခဲ့ပါတယ်။
အခုလိုမျိုး ပြုမူရမ်းကားခဲ့တာကြောင့် လေယာဉ်ဆင်းတဲ့အချိန်မှာ တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။

လေကြောင်းလိုင်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ အသေးစိတ်ကို ဖော်ပြထားခြင်းမရှိပဲ လေယာဉ်အမှုထမ်းများက လုပ်ဆောင်ချက်များနဲ့အညီ လုပ်ကိုင်ခဲ့ပြီး ဒါကာလေဆိပ် လုံခြုံရေးများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရေးသားထားခဲ့ပါတယ်။
 


09 Mar 2018     1,614 Views




RELATED

Most Popular of Special or Others

Most Popular of NEWS