BEC-TERO TV

ဂျင်းဘောင်းဘီဝယ်ရာတွေ သိရှိရမည့် အချက်များ

20 Jul 2015     1,626 Views


ဂျင်းဘောင်းဘီဝယ်တဲ့အခါတစ်ယောက်ယောက်ရဲ့အကြံဥာဏ်ကိုယူသင့်ပါတယ်။ မှန်ကန်တဲ့ ဆိုဒ် ကိုလဲ ရွေးချယ်ပြီးစမ်းဝတ်သင့်ပါတယ်။ကတ်တင်ကောင်းတဲ့ ဂျင်းဘောင်းဘီကိုသာရွေးချယ် ၀ယ်ယူပါ။ကတ်တင်မကောင်းတဲံဂျင်းဘောင်းဘီကိုဝယ်ယူဝတ်ဆင်မိပြီဆိုရင် တော်တော်လေးကိုနေရထိုင်ရခက်စေပါတယ်အဆင်မပြေမှုတွေနဲ့ဆိုးရွားလှပါတယ်။

မျက်စိ အမြင်နဲ့ဝယ်လာတဲ့ဂျင်းဘောင်းဘီတထည်ဟာ အိမ်ရောက်တဲ့အခါဘောင်းဘီတဖက်လိမ်နေတာတို့ ။တစ်ဖက်နဲံတဖက်အကြီးအသေးမညီတာတို့၊ တစ်ဖက်က ကြပ်ပြီးတဖက်ကပွနေတာတို့ဖြစ်တက်ပါတယ် ။ထို့ကြောင့် ကတ်တင်ကောင်းတဲ့ဘောင်းဘီကိုသေချာရွေးဝယ်သင့်ပါတယ်။

ဇစ်ကိုလဲ သေသေချာချာစစ်ဆေးသင့်ပါတယ်။ဇစ်က ချောင်လွန်းနေတာတို့ ကြပ်နေတာတို့ ၊လက်အားနဲ့ စွဲလို့မရဖြစ်နေတာမျိုးဆိုရင်တော့ စိတ်ချရမှမရှိနိုင်ပါဘူး ။shopping ထွက်ဖို့အချိန်ပေးပါ အလျှင်အမြန်ရွေးချယ်တဲ့အခါ ပြသာနာတွေ ပေါ်ပေါက်တက်ပါတယ်။ဂျင်းဘောင်းဘီဝယ်တဲ့အခါမှာလဲ သေချာရွေးချယ်ပြီး နောက်တဆိုင်ပြောင်းမှ ကိုယ်ကြိုက်နှစ်သက်တဲ့ဘောင်းဘီမျိုးတွေ့နိုင်တဲ့အတွက် သေချာ ဆုံးဖြတ်ရွေးချယ်ပြီး ၀ယ်သင့်ပါတယ်လို့ အကြံလေးပေးချင်ပါတယ် ။


20 Jul 2015     1,626 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style