BEC-TERO TV

လက်ထပ်ပြီးခါစဇနီးကို ခင်ပွန်းဖြစ်သူက သူမရဲ့ချစ်သူအဟောင်းနဲ့ ထပ်မံလက်ထပ်ပေးခဲ့

20 Mar 2018     1,309 Views


ချစ်စခင်စ ကြင်နာစလို့ ပြောရမယ့်အချိန်ကာလတစ်ခုဖြစ်တဲ့ မင်္ဂလာဆောင်ပြီး ၆ ရက်မြောက်နေ့မှာပဲ ဇနီးအသစ်စက်စက်လေးကို သူမရဲ့ချစ်သူနဲ့ ခင်ပွန်းကိုယ်တိုင် ထပ်မံလက်ထပ်ပေးခဲ့တဲ့ ဖြစ်စဉ်တစ်ခု အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။

မင်္ဂလာဆောင်တဲ့ကိစ္စ၊ ဘာသာရေးကိစ္စတွေမှာ ရှေးရိုးစွဲကြီးလွန်းတဲ့ အိန္ဒိယနိုင်ငံမှာ အမှန်တစ်ကယ်ဖြစ်ပျက်ခဲ့တာမို့ ပို၍ပင် ထူးဆန်းနေပါသေးတယ်။
အိန္ဒိယနိုင်ငံ အိုဒီရှားပြည်နယ်ရဲ့ ရွာတစ်ရွာဖြစ်တဲ့ ပါလ်မာရာရွာက အသက် ၂၄ နှစ်အရွယ် “ဘဆူဒက် တက်ပို” ဆိုတဲ့ လူငယ်က ဂျဟာဆူဂူဒါရွာက အသက် ၂၄ နှစ်အရွယ် မိန်းကလေးနဲ့ နှစ်ဖက်မိဘ သဘောတူညီမှုနဲ့ မတ်လ ၄ ရက်နေ့က လက်ထပ်ခဲ့ကြပါတယ်။

တောရွာဓလေ့ လယ်သမားအသိုင်းအဝိုင်းရဲ့ ထုံးစံအတိုင်း မင်္ဂလာပွဲကို ကျင်းပခဲ့ပြီး နှစ်ဖက်ဆွေမျိုးတွေရှေ့မှာ လက်ထပ်ခဲ့ကြပါတယ်။ စာချုပ်စာတန်း လက်မှတ်ရေးထိုးတာမျိုး မရှိပေမယ့် မိဘဆွေမျိုးတွေရှေ့မှောက် သက်သေထားပြီး အကြင်လင်မယားဖြစ်ခဲ့ကြတာပါ။
မင်္ဂလာဆောင်ပြီး ၆ ရက်မြောက်နေ့အထိကတော့ အားလုံးပုံမှန် သာသာယာယာပါပဲ။ ဒါပေမယ့် အိမ်ကို အမျိုးသား သုံးဦးအလည်ရောက်လာပြီးနောက်ပိုင်း အဖြစ်ပျက်တွေက ထူးဆန်းကုန်ပါတယ်။

အမျိုးသားသုံးဦးဟာ သတို့သမီးဘက်က ဆွေမျိုးတွေပါဆိုပြီး တစ်နယ်တစ်ကျေးက အိမ်ရောက်လာခဲ့တာကို ခင်ပွန်းသည် “တက်ပို” က ဧည့်ဝတ်ပျူငှာစွာကြိုဆိုခဲ့ပါတယ်။
အိမ်မှာတည်းနေတဲ့အခိုက် နောက်ရက်တွေမှာတော့ အမျိုးသားနှစ်ဦးက ရွာထဲလျှောက်လည်သွားကြပေမယ့် တစ်ဦးကတော့ အိမ်မှာ ဇနီးအသစ်စက်စက်နဲ့အတူ အမြဲကျန်နေတတ်တာကို ရွာကလူတွေက တစ်စတစ်စ မသင်္ကာဖြစ်လာပါတယ်။ အဲဒီနောက် လေ့လာစောင့်ကြည့်ကြတဲ့အခါ ဇနီးသည်က ဝမ်းကွဲအမျိုးဆိုသူနဲ့ အိမ်ထောင်ရေး ဖောက်ပြန်နေတာကို လက်ပူးလက်ကြပ်ဖမ်းမိခဲ့ပြီး လူအုပ်ကြီးက ဒေါသထွက်ကာ ဝိုင်းဝန်းထိုးကျိတ်ကန်ကျောက်ပါတယ်။

အိန္ဒိယနိုင်ငံမှာ အိမ်ထောင်ရေးဖောက်ပြန်တာကို လုံးဝလက်မခံတဲ့ အလေ့အထရှိတဲ့အတွက် ထိုးကျိတ်ကန်ကျောက်လို့ သေသွားခဲ့ရင်တောင် ဘယ်သူမှအရေးလုပ်မှာမဟုတ်ပါဘူး။ မနေနိုင်တဲ့အဆုံး အသစ်စက်စက် ဇနီးသည်က လူတွေရှေ့ကို ထွက်လာပြီး သူနဲ့ဖောက်ပြန်နေသူဟာ သူ့ရဲ့ချစ်သူဖြစ်ကြောင်း၊ အိမ်ကသဘောမတူသဖြင့် ဝေးခဲ့ရတာဖြစ်ကြောင်း၊ ဒါပေမယ့် ချစ်တဲ့စိတ်ကို မတားနိုင်လို့ အခုလို မှားမိကြတာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

အဲဒီအချိန်မှာတော့ ခင်ပွန်းဖြစ်သူ “တက်ပို” က လူတွေရှေ့ထွက်လာပြီး စိတ်ကိုတည်ငြိမ်စွာထားကာ သူ့ရဲ့ဇနီးဖြစ်သူကို သူ့ရဲ့ချစ်သူနဲ့ပါ လက်ထပ်ခွင့်ပြုပါကြောင်း ပြောလိုက်တဲ့အခါ အားလုံးက အံ့အားသင့်သွားခဲ့ရပါတယ်။
အဲဒီနောက် “တက်ပို” က ဒီလိုဆုံးဖြတ်ကြောင်းကို ဇနီးသည်ရဲ့ ဆွေမျိုးတွေကို အကြောင်းကြားပြီး သဘောတူညီမှုရယူခဲ့ပါတယ်။
အားလုံး ညှိနှိုင်းသဘောတူကြပြီးနောက်မှာတော့ သူနဲ့တစ်ကွ ဇနီးသည်နဲ့ သူ့ရဲ့ချစ်သူတို့ရဲ့ သုံးယောက်ပေါင်း မင်္ဂလာပွဲကို ဒုတိယတစ်ကြိမ် ရွာမှာပဲ လူတွေဖိတ်ပြီး ပြုလုပ်ခဲ့ပါတယ်။

ရွာကလူတွေကလည်း ထုံးတမ်းစဉ်လာအတိုင်း လာရောက်ချီးမြှင့်ကြပြန်ပါတယ်။
ကျွန်တော် ဒီလိုသာ မဆုံးဖြတ်လိုက်ရင် လူသုံးယောက်ရဲ့ ဘဝတွေအားလုံး ပျက်ဆီးသွားမှာပါ၊ ကျွန်တော်တို့အားလုံး စိတ်ချမ်းသာပျော်ရွှင်ရဖို့ ဒီနည်းလမ်းပဲရှိတယ်” ဟု တက်ပိုက အိန္ဒိယတိုင်းမ်းစ် သတင်းစာကို ပြောကြားခဲ့ပါတယ်။

တက်ပိုရဲ့ မိခင်ဖြစ်သူကတော့ သားဖြစ်သူရဲ့ ဆင်ခြင်အမျှော်မြင်ကြီးမှုအတွက် ချီးကျူးခဲ့ပြီး ဒီလိုရှုပ်ထွေးနေတဲ့ အခြေနေမျိုးမှာ သူအကောင်းဆုံး လုပ်နိုင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
တက်ပိုရဲ့ ဇနီးဖြစ်သူက “ဒီလိုမျိုးအခြေနေသာ မရောက်ခဲ့ရင် ကျွန်မတို့အနေအထားက ဒီထက်ပိုပြီး ရှုပ်ထွေးလာနိုင်ပါတယ်၊ တက်ပိုရဲ့ နားလည်ကူညီမှုကို ဘယ်တော့မှ မမေ့ပါဘူး” လို့ဆိုပါတယ်။

လက်ရှိမှာတော့ သူတို့သုံးဦးရဲ့ မင်္ဂလာဆောင်မှာ အားလုံးကပျော်ရွှင်နေကြပါတယ်။ သူတို့ရဲ့ ဘဝခရီးရှည်မှာရော တစ်ကယ်ပျော်ရွှင်နိုင်ပါစေလို့သာ ဆုတောင်းလိုက်ပါတယ်။ စာဖတ်သူကရော ဘယ်လိုများ ထင်မြင်မိပါသလဲ..?


20 Mar 2018     1,309 Views




RELATED

Most Popular of Special or Others

Most Popular of NEWS