BEC-TERO TV

ကာလဝမ်းရောဂါအကြောင်းသိကောင်းစရာ

20 Jul 2015     1,474 Views


ကာလဝမ်းရောဂါက မသန့်ရှင်းသောရေ ၊ မသန့်ရှင်းသောအစားအစာ စားသောက်သောကြောင့်ဖြစ်လာခြင်းဖြစ်ပါတယ်။ ကာလဝမ်းရောဂါဖြစ်လာပြီဆိုရင် ဆိုးရွားစွာ ဝမ်းပျက်ဝမ်းလျောလာနိုင်ပီး ရေဓာတ်များစွာ ဆုံးရှုံးစေနိုင်ပါတယ်။
 
ပကတိကျန်းမာတဲ့ သူတစ်ဦးတောင်ပင် နာရီပိုင်းအတွင်းသေဆုံးသွားနိုင်စေတဲ့ ရောဂါပဲဖြစ်ပါတယ်။ခံစားရတဲ့ ရောဂါလက္ခဏာတွေကတော့ ရုတ်တရက် ဝမ်းပျက်ဝမ်းလျှောလာပြီးတော့ တဖြည်းဖြည်းဆိုးရွာလာပါလိမ့်မယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတဲ့ သူတွေ ၊ သန့်ရှင်းမှု မရှိတဲ့ ပတ်ဝန်းကျင်မှာနေရတဲ့သူတွေ ပိုပြီးတော့အဖြစ်များပါတယ်။
 
ရောဂါဖြစ်လာပြီဆိုရင် အမြန်ဆုံးနှင့်လုံလုံလောက်လောက်အချိန်မီ ရေဓာတ်နဲ့အခြားဆားဓာတ်များကို ပြန်လည်ဖြည့်တည်းပေးဖို့ပဲဖြစ်ပါတယ်။ ထိုသို့ဖြည့်တင်းပေးဖို့ဆိုရင် ဓာတ်ဆားရည်ကိုသောက်သုံးသည်ဖြစ်စေ ၊ လိုအပ်သောဆားဓာတ်ပါသည့် ဆေးရည်များကို သင်၏သွေးကြောထဲမှတစ်ဆင့်သွင်းပေးသည်ဖြစ်စေ မည်ကဲ့သို့သောနည်းဖြင့် အမြန်ဆုံးလုံလုံလောက်လောက်ဖြည့်သွင်းပေးဖို့လိုအပ်ပါတယ်။
 
ကာလဝမ်းရောဂါကိုကာကွယ်နည်း မိမိလက်ကို ဆပ်ပြာဖြင့် သေချာစွာဆေးဖို့လိုအပ်ပါတယ်။အိမ်သာဆင်းချိန် ၊ အစားအသောက်ကို မကိုင်ခင်  အချိန်မျိုးတွေမှာသေချာဆေးသင့်ပါတယ်။ သန့်စင်ထားတဲ့ ရေကိုသောက်သုံးဖို့လည်းလိုအပ်ပါတယ်။အစားအသောက်များကိုလည်းသေချာကျက်အောင် ချက်ပြုတ်စားသောက်သင့်ပါတယ်။
 
အစားအသောက်များပူနွေးနေသောအချိန်နေမှာစားသာက်ရပါမယ်။အစားအသာက်များကို အစိမ်းမစားသောက်သင့်ပါဘူး။အသီးအနှံ အသီးအရွက်များကို စားသောက်တော့မယ်ဆိုရင်လည်းသေချာစွာဆေးကြောသန့်စင်ပြီးမှစားသုံးသင့်ပါတယ်။နို့ နဲ့ နို့ထွက်ပစ္စည်းများသောက်သုံးမယ်ဆိုရင်လည်း သေချာစွာကျိုချက်သောက်သုံးသင့်ပါတယ်။ ဖော်ပြပါကာကွယ်နည်းများကိုသေချာစွာလိုက်နာခြင်းအားဖြင့် ကာလဝမ်းရောဂါမှကင်းစင်နိုင်ပါတယ်။

20 Jul 2015     1,474 Views




RELATED

Most Popular of Health Fix

Most Popular of Life Style