BEC-TERO TV

သုသုတစ်ယောက် ချစ်သူနဲ့လမ်းခွဲလိုက်ပီလား

20 Mar 2018     1,615 Views


သုသုလို့ ချစ်စနိးနဲ့ အများကသိကြတဲ့ မိတ်ကပ်အလှဖန်တီးရှင် ညီညီမောင်(စမ်းချောင်း) တစ်ယောက် ချစ်သူနဲ့ပြတ်စဲသွားပီလားဆိုတဲ့ သတင်းများထွက်ပေါ်နေပါတယ်။ သုသုက ဘုရားတရားကိုင်းရှိုင်းသူ၊ သူမရဲ့ချစ်သူကိုလဲ အချစ်ကြီးချစ်သူ၊ မကြာခဏဆိုသလို ဟာသဗီဒီယိုလေးတွေလဲ တင်လေ့ရှိသူပါ။ သူမရဲ့ ဗီဒီယိုလေးတွေအများစုကို သူမရဲ့ချစ်သူနဲ့အတူ ဟာသလေးအဖြစ်ရိုက်ကူးလေ့ရှိသူပါ။ 

ချစ်သူကို ချစ်စနိုးနဲ့ ကိုကြီးလို့ခေါ်လေ့ရှိတဲ့ သုသုတို့ရဲ့အချစ်ရေးက လက်တလောမှာငြိမ်သက်နေတာကြောင့် ပရိတ်သတ်တွေက စိုးရိမ်နေကြပါတယ်။ သုသုတို့ချစ်သူနှစ်ဦးက လက်ရှိမှာ လမ်းခွဲကြတာမဟုတ်ဘဲ ရန်ဖြစ်ထားကြတာဖြစ်ပြီး၊ ရန်ဖြစ်ရင်လဲလနဲ့ချီ ကြာတတ်ပါတယ်လို့ သုသုကပြောပါတယ်။ 

“သုသု နဲ့ ဇစ်ပီ ပျက်ပြီလား၊ လမ်းခွဲကြပြီလား၊ ချစ်သောစိတ်နဲ့ မေးလာကျသော အင်တာဗျူးများ၊ သူငယ်ချင်းများ၊ ချစ်သောသူများရှင့်--သုသု နဲ့ ဇစ်ပီ ပေါင်းသင်းလာတာလဲ အားလုံးသိလူသိထင်ရှား ပေါင်းသင်းလာတာဖြစ်တဲ့အတွက် မပေါင်းဖြစ်ရင် တရားဝင်ကွဲပြီဆိုတာ အကြောင်းပြချက်တွေနဲ့တကွ တရားဝင်ရှင်းပြီးပြောပြမှာပါ စိတ်ပူပေးကျတာ ကျေးဇူးတင်ပါတယ်” လို့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ သုသုတို့အချစ်ရေးအရင်လို ပြန်အဆင်ပြေပါစေလို့လဲ popolay မှ ဆုတောင်းပေးလိုက်ပါတယ်။

 

 


20 Mar 2018     1,615 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment