BEC-TERO TV

တော်တော်စပ်စုတဲ့ ကိုရွှေမျောက်

23 Mar 2018     1,775 Views


တိရိစ္ဆာန်တွေထဲမှာ လူနဲ့နီးနီးစပ်တူတယ်လို့ သတ်မှတ်ထားတဲ့ မျောက်တွေဟာ လူတွေလောက်ဉာဏ်ရည် မမြင့်ကြတဲ့အတွက် သူတို့စပ်စုလိုတဲ့ အကြောင်းအရာရှိရင် လူတွေလို သိက္ခာတွေဘာတွေလည်း ထိန်းစရာမရှိတာကြောင့် တစ်ဇွတ်ထိုး သူတို့ထင်ရာ လုပ်တတ်ကြပါတယ်။ ဒါကြောင့်မို့ သူတို့တွေရဲ့ အပြုအမူဟာ ခန့်မှန်းရခက်ပါတယ်။

မြန်မာနိုင်ငံမျာလည်း ပုပ္ပါး၊ ကော့ဂွန်းဂူ အစရှိတဲ့နေရာတွေမှာ သဘာဝဘေးမဲ့လွှတ်ထားတဲ့မျောက်တွေကို တွေ့နိုင်ပါတယ်၊ အဲဒီနေရာတွေ အလည်လာရောက်သူတိုင်းကို ဒေသခံတွေနဲ့ တာဝန်ရှိသူတွေက မျောက်တွေ လက်ဆော့တတ်တာကြောင့် အမြဲသတိပေးနေရပါတယ်။

ယခုဗီဒီယိုမှာလည်း ထိုင်းနိုင်ငံ ချင်းမိုင်မှာရှိတဲ့ မျောက်တွေပေါများလို့ နာမည်ကြီးတဲ့နေရာကို လာရောက်လည်ပတ်တဲ့ အမေရိကန် ကမ္ဘာလှည့်ခရီးသွားဧည့်သည် အမျိုးသမီးရဲ့ အပေါ်အင်္ကျီကို မျောက်တစ်ကောင်က အတင်းတက်ဆွဲချွတ်တာကို မှတ်တမ်းတင်မိရက်သားဖြစ်ခဲ့ပါတယ်။

ကံကောင်းချင်တော့ အမျိုးသမီးကလည်း လျင်လျင်မြန်မြန်ကာကွယ်လိုက်နိုင်တဲ့အတွက် အရှက်တစ်ကွဲမဖြစ်ခဲ့ပဲ ရယ်မောပျော်ရွှင်စရာ ဗီဒီယိုတစ်ခုဖြစ်ခဲ့ပြီး အလျင်အမြန်ပျံ့နှံ့ကာ ကြည့်ရှုသူတွေ များခဲ့ရပါတယ်။

မျောက်ကလေးနဲ့ အမျိုးသမီးတို့ အားပြိုင်တဲ့ ဗီဒီယိုလေးကို ပျော်ရွှင်ရယ်မောစရာတစ်ခုအဖြစ် အားပေးကြည့်ရှုပါဦး။
 


23 Mar 2018     1,775 Views




RELATED

Most Popular of Special or Others

Most Popular of NEWS