တော်ရုံသတ္တိနဲ့တော့ တက်မလာနဲ့ သေမင်းနံရံပေါ်မှ လူစွန့်စားများ
26 Mar 2018 1,864 Views
သေမင်းရဲ့နံရံလို့ အမည်ရတဲ့ စတန့်ကစားနည်းတစ်ခုဟာ အိန္ဒိယနိုင်ငံမှာ နာမည်ကြီးလူကြိုက်များတဲ့ ပွဲလမ်းသဘင်တစ်ခုအဖြစ် နိုင်ငံရဲ့ နေရာအနှံ့မှာ ကျင်းပလေ့ရှိပါတယ်။ အချင်း ပေ ၂၀ ကနေ ၃၆ လောက်ရှိတဲ့ သစ်သားစည်ပိုင်းကြီးတစ်ခုလို တည်ဆောက်ထားပြီး
စည်ပိုင်းကြီးရဲ့ နံရံပေါ်မှာ ကားတွေ မော်တော်ဆိုင်ကယ်တွေ အရှိန်နဲ့ ပတ်ချာလည်လှည့်ပြီး မောင်းပြတဲ့ ပွဲဖြစ်ပါတယ်။
ဒီလိုမျိုးပွဲတွေကို ကမ္ဘာတစ်လွှားက လူစွန့်စားတွေလည်း လာရောက်ကြပြီး များသောအားဖြင့် ဂျာမဏီနိုင်ငံက ဖြစ်ပါတယ်။ “သေမင်းရဲ့နံရံ” လို့ နာမည်ပေးထားတဲ့အတိုင်း တော်ရုံသတ္တိလောက်နဲ့ ဒီလို မိုက်ရူးရဲဆန်တဲ့ စတန့်မျိုးကို လုပ်နိုင်မယ်လို့ မထင်ပါဘူး။
ဒီလိုစတန့်မျိုးဟာ ဘယ်လောက်ထိအန္တရာယ်များလဲဆိုတာ ကြည့်ရှုကြပါဦး။







