မိခင်ရဲ့ပေါ့ဆမှုကြောင့် ခြေထောက်သုံးချောင်းနဲ့ မွေးဖွားလာတဲ့ကလေး
26 Mar 2018 1,594 Views
မိခင်လောင်းတစ်ဦးဟာ ကိုယ်ဝန်ဆောင်နေစဉ် ဆေးစစ်မှုများ ပုံမှန်ပြုလုပ်ခြင်း မရှိခဲ့တာကြောင့် ကလေးမွေးလာတဲ့အခါ ခြေထောက်သုံးချောင်း ပါလာခဲ့ပါတယ်။ ဒီကလေးငယ်ကို ခွဲစိပ်ဆရာဝန်ကြီးတွေက တရုပ်နိုင်ငံ ရှန်ဟိုင်းမြို့ဆေးရုံမှာ ရှုပ်ထွေးတဲ့ ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။
Xiao Fei လို့ အမည်ရတဲ့ ၁၁ လသားအရွယ် ကလေးငယ်ဟာ သူ့ရဲ့အမွှာ ဖြစ်ဟန်ရှိသော သန္ဓေသားကို သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ သန္ဓေတည်ခဲ့ပုံရပါတယ်။ ယင်းကဲ့သို့သော ဖြစ်ရပ်မျိုးမှာ ၅ သိန်းမှာ တစ်ဦး ဖြစ်တောင့်ဖြစ်ခဲ အခြေမျိုးဖြစ်သလို ဖြစ်ခဲ့ရင်လည်း လူတစ်သန်းမှာ တစ်ယောက် အသက်ရှင်နိုင်ခဲ့သည့် ထူးဆန်းသည့် ဖြစ်ရပ်မျိုးဖြစ်သည်။
Xiao Fei ရဲ့ မိခင်ဖြစ်သူဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ဆေးစစ်မှုတွေ ပုံမှန်မလုပ်ခဲ့တာကြောင့် မွေးဖွာလာတဲ့အချိန်ကျမှ ယခုလို ခြေထောက်သုံးချောင်းနဲ့ မွေးဖွားလာခဲ့ခြင်းဖြစ်ပါတယ်။ အပိုပါလာတဲ့ ခြေတစ်ချောင်းဟာ တင်ပါးဆုံရိုးနေရာကနေ ထွက်နေတာကြောင့် ကလေးရဲ့ ဆီးလမ်းကြောင်းနဲ့ အစာခြေလုပ်ငန်းများမှာ များစွာပြသနာရှိနေပါတယ်။
ဒါ့အပြင် ကလေးရဲ့ ညာဘက် ခြေထောက်ကလည်း လက်ပုံသဏ္ဍန်ဖြစ်နေပြီး လှုပ်ရှား၍လည်းမရသော အခက်ခဲရှိနေပြန်ပါသေးတယ်။ ရှန်ဟိုင်း ဆေးရုံမှ ဆရာဝန်များက ကလေးကို ၁၀ နာရီကြာရှုပ်ထွေးလှသည့် ခွဲစိပ်မှုလုပ်ငန်းစဉ်များ လုပ်ဆောင်ခဲ့ကြပြီး အပိုပါလာသော ခြေထောက်ကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ ထို့ပြင် မလှုပ်ရှားနိုင်သော ညာဘက် ခြေထောက်ကို ဖြတ်လိုက်ပြီး အပိုပါလာသော ခြေထောက်ဖြင့် ပုံမှန်ဖြစ်စေရန် ပြန်လည်ဆက်ပေးခဲ့ရပါတယ်။
နောက်ဆုံးမှာ ခွဲစိတ်မှုလုပ်ငန်းစဉ်တစ်ခုလုံး အောင်မြင်စွာ ပြီးဆုံးခဲ့သည်။
ဆရာဝန်တွေရဲ့ အဆိုအရ ကလေးအနေနဲ့ နှစ်အနည်းငယ် တောင့်ခံကျော်ဖြတ်ရမှာဖြစ်သလို အသက် ၃ နှစ်ပြည့်တဲ့အချိန်မှာ ဆေးရုံကို တစ်ကြိမ်ပြန်လာပြီး ခွဲစိတ်မှုခံရဦးမယ်လို့ဆိုပါတယ်။ သူ့ရဲ့ ညာခြေထောက်ဟာ အစားထိုးပေးထားတာဖြစ်လို့ ပုံမှန်အတိုင်း ရှည်လာမှာမဟုတ်တဲ့အတွက် ခွဲစိပ်ပြီး ဆွဲဆန့်ပေးဖို့လိုတယ်လို့ ဆိုပါတယ်။