BEC-TERO TV

တက္ကသိုလ်ဝင်စာမေးပွဲကို ကလေးထိန်းရင်းဖြေဆိုခဲ့ရတဲ့ အမျိုးသမီး ကမ္ဘာကျော်သွား

26 Mar 2018     1,283 Views


အာဖဂန်နစ္စတန်နိုင်ငံက တက္ကသိုလ်ဝင်စာမေးပွဲတစ်ခုမှာ ကလေးကို ပေါင်ပေါ်တင်ချော့မြူရင်း မြေကြီးပေါ်ထိုင်ချကာ စာမေးပွဲကို မရ၊ရအောင် ဖြေဆိုခဲ့တဲ့ လယ်သူမလေးတစ်ဦးရဲ့ ဓါတ်ပုံတစ်ပုံ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီး သူမရဲ့ မဆုပ်မနစ်သော ကြိုးစားမှုကို အားလုံးက ချီးကျူးအံ့သြ ဂုဏ်ပြုခဲ့ကြပါတယ်။

Jahantab Ahmadi ဟာ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ သားသမီး ၃ ယောက်တို့၏ မိခင် သာမန်လယ်တောသူလေး တစ်ဦးဖြစ်ပါတယ်။ အာဂန်နစ္စတန် နိုင်ငံဟာ အမျိုးသမီးတွေအပေါ် တန်းတူအခွင့်အရေးမပေးပဲ တစ်ဆင့်နှိမ့်ချထားသလို နွေးထွေးတဲ့ ဆက်ဆံမှုမျိုးလည်း မရှိပါဘူး။ ဒီလိုနိုင်ငံမျိုးမှာ သူမက သာမန်အိမ်ရှင်မတွေလို လယ်အလုပ်တွေလုပ်ရင်း သူမရဲ့ ဘဝကို မကုန်ဆုံးစေချင်သူပါ။ သူမရဲ့ ရည်ရွယ်ချက်ကတော့ ဆရာဝန်တစ်ယောက်ဖြစ်ချင်ပြီး နိုင်ငံအတွင်းမှာရှိတဲ့ အမျိုးသမီးတွေကို စောင့်ရှောက်ကူညီချင်တယ်လို့ APF သတင်းဌါနကို ပြောကြားခဲ့ပါတယ်။

ကလေးပေါင်ပေါ်တင်ပြီး မြေကြီးပေါ်ထိုင်ချကာ တက္ကသိုလ်ဝင်စာမေးပွဲဖြေနေတဲ့ ဓါတ်ပုံကို ပရော်ဖက်ဆာ Nasir Khusraw က ရိုက်ကူးကာ အွန်လိုင်းပေါ်တင်ခဲ့ပြီးနောက် လျှပ်စီးလက်သလို ချက်ခြင်းပျံ့နှံ့သွားပါတယ်။

Ahmadi ဟာ ဂျုံ၊ ပြောင်း၊ အာလူးတို့ စိုက်ပျိုးခြင်းဖြင့် အသက်မွေးကြတဲ့ Daikundi ပြည်နယ်မှာရှိတဲ့ ဆင်ူရဲတဲ့ ရွာလေးတစ်ရွာက လာတာဖြစ်ပါတယ်။ စာမေးပွဲဖြေဖို့အတွက် သူမဟာ တောင်တွေကျော်လာရတဲ့ ခြေကျင်ခရီးက နှစ်နာရီ၊ လမ်းကြမ်းကြမ်းပေါ်မှာ ဒုက္ခခံဘတ်စ်ကားကို ၉ နာရီကြာစီးပြီးမှ လာခဲ့ရတာဖြစ်ပါတယ်။

စာမေးပွဲက အခန်းထဲမှာ ကျင်းပတာမဟုတ်ပဲ ကျောင်းဝင်းထဲက မြေကွက်လပ်မှာ ခုံတွေစီထားပြီး ဖြေဆိုရတာဖြစ်ပါတယ်။ ဖြေကာစမှာ ခုံပေါ်မှာထိုင်ပြီး သူမနဲ့အတူပါလာတဲ့ နို့စို့ကလေးလေးကို ပေါင်ပေါ်တင်ကာ စာဖြေခဲ့ပါတယ်။ ဒါပေမယ့် ကလေးက နားကိုက်တဲ့ ဝေဒနာကြောင့် အဆက်မပြတ် ငိုကြွေးပါတယ်။ ကလေးငိုသံကြောင့် အခြားစာမေးပွဲဖြေသူတွေ အနှောက်အယှက်ဖြစ်မှာ စိုးတဲ့အတွက် သူမက အခြားစာဖြေသူတစ်ဦးရဲ့ ခုံနောက်နားမှာ ကလေးအတွက် အရိပ်ကိုခိုရင်း ကလေးကို ပေါင်ပေါ်တင်ကာ ပုခက်သဖွယ်ခြေထောက်ကို လှုပ်ပေးရင်း ချော့သိပ်ကာ စာဆက်ဖြေခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီအချိန်မှာ ထူးခြားတဲ့ မြင်ကွင်းကြောင့် ပရော်ဖက်ဆာက ဓါတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်တင်ခဲ့တာဖြစ်ပါတယ်။ ဒီပုံဟာ အာဖဂန်အမျိုးသမီးတွေရဲ့ ဇွဲသတ္တိကို ပြသတာကြောင့် တမုချင်းမဟုတ် ပျံ့နှံ့သွားခဲ့ပါတယ်။

အဲဒီနောက်မှာ အာဖဂန်လူငယ်အဖွဲ့က GoFundMe ကမ်ပိန်းလုပ်ကာ Ahmadi ရဲ့ ပညာရေးအတွက် အလှူခံပေးခဲ့ရာ ဒေါ်လာ ၁၄,၀၀၀ ကျော်ရရှိနေပြီဖြစ်ပါတယ်။ အာဖဂန်အမျိုးသမီးအရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Zahra Yagana က ဒီပုံကို မြင်သွားပြီးနောက် Ahmadi ကို ဆက်သွယ်ကာ Kabul မြို့မှာ ပညာလာသင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ မိသားစုလည်း သူမအိမ်မှာ နေနိုင်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

အကယ်၍ သူက Daikundi မှာပဲ ပညာသင်မယ်ဆိုရင် သူအတွက် အတော်ခက်ခဲ့လိမ့်မယ်၊ ပညာရေးကလည်းနိမ့်တယ်၊ အဆောင်တွေဘာတွေလည်း မရှိတော့ သူအိမ်ငှားနေမှရမယ်” လို့ Zahra Yagana က AFP ကို ပြောပါတယ်။

ကဘူးလ်းမှာ သူ့အတွက် နေစရာအိမ် ဖန်တီးပေးမယ်၊ သူအမျိုးသားအတွက်လည်း အလုပ်အကိုင်ရအောင် ကူညီပေးမယ်လို့ ကျွန်မတို့ သူငယ်ချင်းတွေအားလုံး သဘောတူ တိုင်ပင်ထားကြပြီးပါပြီ” လို့ ထပ်မံပြောကြားခဲ့ပါတယ်။

ကျွန်မရဲ့ ဘဝရည်မှန်းချက်ကတော့ တက္ကသိုလ်တက်ခွင့်ရရေးပါပဲ” လို့ Ahmadi က ဆိုပါတယ်။ သူမဟာ အထက်တန်းပညာရေးပြီးဆုံးခဲ့ပြီး အသက် ၁၈ နှစ်မှာ အိမ်ထောင်ကျခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စီးပွားရေးမပြေလည် ကျပ်တည်းမှုကြောင့် ပညာသင်ခွင့်မရတာ ၄ နှစ်ခန့်ရှိပြီဖြစ်ပါတယ်။

သူမရဲ့ ကလေးထိန်းရင်း စာမေးပွဲဖြေနေတဲ့ ဓါတ်ပုံအောက်မှာ ဝင်ရောက်ရေးသားခဲ့သူတစ်ယောက်က “မင်းဟာတစ်ကယ့် ကမ္ဘာ့ချံပီယံအစစ်တစ်ယောက်ပါပဲ၊ ငါတို့အမျိုးသမီးတွေဟာ ဘယ်လိုအခြေအနေမျိုး၊ ဘယ်ကြီးပဲဖြစ်နေပါစေ ဘယ်အရာမဆို လုပ်နိုင်တယ်ဆိုတာ ပြလိုက်တာပါပဲ” လို့ ရေးသားခဲ့ပါတယ်။
 


26 Mar 2018     1,283 Views




RELATED

Most Popular of Special or Others

Most Popular of NEWS