BEC-TERO TV

အပြစ်ပေါ့အောင် ကိုယ်လုံးတီးချွတ်ပြလိုက်တဲ့ ခါးပိုက်နှိုက်မ

29 Mar 2018     3,634 Views


ဘတ်စ်ကားမှတ်တိုင် တစ်ခု၌ ခါးပိုက်နှိုက် အမျိုးသမီးတစ်ဦး ခါးပိုက်နှိုက်နေစဉ် လူမိခဲ့ပြီး အဖမ်းခံခဲ့ရပြီးနောက် ဝိုင်းဝန်းရိုက်နှက်ခံရမည်စိုးရိမ်သဖြင့် လူပုံအလယ်မှာ အဝတ်အစားများအားလုံးချွတ်ချကာ ကိုယ်လုံးတီးဖြင့် ရပ်နေခဲ့သည်။

တရုပ်နိုင်ငံ ရှိုယန်းမြို့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးဟာ အဝတ်အစားများအားလုံး ချွတ်ချခဲ့ပြီးနောက် ဘေးမှဝိုင်းကြည့်နေသူများ၏ လက်ကိုဆွဲကာ သူမ၏ခန္ဓာကိုယ်ကို ထိတို့စေခိုင်းတဲ့ထိ အတင့်ရဲခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

သူမရဲ့အကြံအစည် အထိုက်အလျောက် အောင်မုင်သည်ဟု ဆိုရပေမည်။ ရဲသားတစ်ဦးရောက်လာခဲ့ပေမယ့် အထက်ကအမိန်ူမရမချင်း သူမအနားကို မကပ်ရဲခဲ့ပါဘူး။

အဲဒီအချိန်မှာ အနားမှာရှိတဲ့ အမျိုးသမီးကြီးတစ်ဦးက ဝင်ရောက်ပြီး အမျိုးသမီးကို အဝတ်အစားများနဲ့ ပတ်ပေးခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ရဲမေနှစ်ဦးရောက်ရှိလာပြီး အမျိုးသမီးကို အဲဒီနေရာကနေ ဖမ်းခေါ်သွားခဲ့ပါတယ်။


 


29 Mar 2018     3,634 Views




RELATED

Most Popular of Special or Others

Most Popular of NEWS