BEC-TERO TV

Walk With Music (Episode 206)

21 Jul 2015     1,710 Views


Pantatonix ● Lala / Latch 

Pantatonix ဟာ Youtube မှာ cover သီချင်းဆိုပြီး နာမည်ကြီးလာတဲ့သီချင်းပါ။ ၂၀၁၁ မှာ စတင်ဖွဲ့စည်းပြီး MBC ကပြုလုပ်တဲ့ ပွဲမှာ အနိုင်ရရှိပြီး တစ်ဟုန်ထိုးနာမည်ကြီးလာတာဖြစ်ပါတယ်။ Grammy award မှာလည်း လျာထားခြင်းခံရပါတယ်။ အခု ဖွင့်ပြမဲ့သီချင်းကတော့ Lala နဲ့ Latch သီချင်းနှစ်ပုဒ် ကိုတွဲဆိုထားတာ ဖြစ်ပါတယ်။ Lalala ဟာ Naughty boy နဲ့ Sam Smith တို့တွဲဆိုထာားပြီး Latch သီချင်းကလည်း Sam Smith သီချင်းပဲဖြစ်ပါတယ်။ အသည်းကွဲသီချင်းနဲ့ အချစ်သီချင်းတို့တွဲဆိုထားတာဖြစ်ပါတယ်။ 

-

Ellie Goulding ● Love me like you do 

Ellie Goulding ရဲ့ Love me like you do သီချင်းဟာ Fifty shades of grey ရဲ့ ဇာတ်ဝင်သီချင်း ဖြစ်ပါတယ်။ Billboard Hot 100 1 to 14 ၀င်ခဲ့တဲ့သီချင်းဖြစ်ပြီး အချစ်သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း အချစ်ဇာတ်လမ်းဖြစ်လို့ အရမ်းကြည့်လို့ကောင်းပါတယ်။ 

-

Nicole Scherzinger ● Run

Nichole Scherzinger ဆိုထားတဲ့ Runဆိုတဲ့သီချင်းလေးကို  ဝေဖန်ရေးသမားတော်တော်များများက ချီးကျူးထားပါတယ်။ သူမရဲ့ ဒုတိယမြောက် Big Fat Lie အခွေထဲက ဖြစ်ပါတယ်။ နားထောင်ကြည့်လိုက်ပါအုံး။ 

-

Tom Odell ● Real Love

Real Love သီချင်းဟာ The Beatles အဖွဲ့ရဲ့သီချင်းဖြစ်ပါတယ်။ အခုဖွင့်ပြမှာကတော့ Tom Odell က cover ပြန်ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။  

▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪

 

21 Jul 2015     1,710 Views




RELATED

Most Popular of Walk With Music

Most Popular of Entertainment