BEC-TERO TV

မြန်မာအလုပ်သမားများစီးလာသော ကားမီးလောင် ၂၀ ဦးသေဆုံး

30 Mar 2018     1,508 Views


ထိုင်းနိုင်ငံသို့ တရားဝင် MOU ဖြင့် အလုပ်သွားရောက် လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမားများ စီးလာသော မှန်လုံကားမီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် လူ ၂၀ ဦးသေဆုံးခဲ့ရကြောင်း AAC မှ သတင်းရရှိသည်။

မတ်လ ၃၀ ရက်နေ့ နံနက်အစာပိုင်းတွင် မြန်မာအလုပ်သမား ၅၀ ဦးလိုက်ပါလာသော မှန်လုံကားသည် မဲဆောက်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာလာစဉ် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အလုပ်သမား ၂၀ ဦး ကားအတွင်း မီးလာင်သေဆုံးခဲ့ရကြောင်း ကယ်ဆယ်ရေးအဖွဲ့မှ ကနဦးသတင်းရရှိသည်။

မီးလောင်ရာတွင် ပါသွားသော မိသားစုများအနေနဲ့ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ကြကြောင်း ဖော်ပြထားသည်။

ဖုန်း - 0991079112၊ 0813066679၊ 0990577498၊ 0867969649၊ 0853415611

သတင်း - AAC

 


30 Mar 2018     1,508 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS