BEC-TERO TV

စုဘူးဖောက်လို့ရတဲ့ ပိုက်ဆံတွေကို ဘိုးဘွားရိပ်သာသွားလှူမယ်ဆိုတဲ့ ရွှေထူး

02 Apr 2018     1,964 Views


လူငယ်တွေကြားရေပန်းစား အောင်မြင်ကျော်ကြားတဲ့ အဆိုတော်ရွှေထူးတစ်ယောက် အချိန်အတော်ကြာ အနှစ်နှစ်၊ အလလ စုထားတဲ့စုဘူးလေးကို ဒီနေ့မှာ ဖောက်လိုက်ပါပီတဲ့။ 

ချစ်စရာကောင်းတဲ့ စုဘူးလေးကို ပရိသတ်တစ်ယောက်က ပေးထားတာဖြစ်ပါတယ်။ တစ်ဝက်က အမေ့အတွက်၊ တစ်ဝက်က ကိုယ့်အတွက်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ရရင်ရသလို စုခဲ့တာပါတဲ့။ ရည်ရွယ်ချက်လေးကိုကြည့်ခြင်းဖြင့် အမေကိုချစ်တဲ့ သားလိမ္မာလေးဆိုတာ ပေါ်လွင်နေတယ်နော်။

စုထားတဲ့ပိုက်ဆံတွေက အားလုံး ၂၇ သိန်း ၁သောင်းရတဲ့အတွက်ကြောင့် အမေ့အတွက်ကိုတော့ ဘုရားစင်လေးဝယ်ပေးခဲ့ပြီး၊ ကိုယ့်အတွက်ကိုတော့ ဘိုးဘွားရိပ်သာမှာသွားလှူပါမယ်တဲ့။ 

ဆက်လက်ပြီးတော့ ရွှေထူးက သူ့ရဲ့ပရိတ်သတ်တွေကိုလည်း ပိုက်ဆံစုစေချင်ပါတယ်တဲ့။ ပိုက်ဆံစုပြီး ဖြစ်ချင်တာလေးတွေ ဖြစ်ပါစေလို့လဲ ဆုတောင်းပေးထားပါသေးတယ်။ “ပရိသတ်တစ်ယောက်ကပေးတဲ့စုဘူးလေးကိုဒီနေ့ဖောက်လိုက်ရတယ်... တစ်ဝက်ကအမေ့ဖို့ တစ်ဝက်ကကျွန်တော့်ဖို့ဆိုတဲ့စိတ်နဲ့ ရရင်ရသလိုလေး အချိန်တော်တော်ကြာစုခဲ့တယ်... အမေ့အတွက်တော့ဘုရားစင်ဝယ်ပေးလိုက်တယ်... ကျွန်တော့်အတွက်ကတော့ ဟိုတစ်ခါကျွန်တော် Share လိုက်တဲ့ဘိုးဘွားရိပ်သာမှာသွားလှူမယ်... စုစုပေါင်း ၂၇ သိန်းနဲ့တစ်သောင်းရတယ် ... အားလုံးကိုလဲပိုက်ဆံစုစေချင်လို့ Share ပေးလိုက်တယ်နော်... ပိုက်ဆံစုပြီးကိုယ်ဖြစ်ချင်တာလေးတွေဖြစ်ပါစေ..ကိုယ်ဖြည့်ဆည်းပေးချင်တဲ့လူတွေအတွက်လည်းဖြည့်ဆည်းပေးနိုင်ပါစေ... အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ” ဆိုပြီး ပို့စ်လေးတင်ထားပါတယ်။ 

ပရိသတ်ကြီးလည်း ကိုရွှေထူးကို အတုယူပြီး ရရင်ရသလောက်လေး ပိုက်ဆံစုကြရအောင်နော်….

 

 


02 Apr 2018     1,964 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment