BEC-TERO TV

တစ်ရက်လျှင် ကော်ဖီ ၃ ခွက်သောက်ခြင်းရဲ့ ကောင်းကျိုး

02 Apr 2018     1,843 Views


လွန်ခဲ့တဲ့ စနေနေ့က အမေရိကန်နိုင်ငံ နှလုံးရောဂါဆိုင်ရာ အဖွဲ့အစည်းက ထုတ်ဝေခဲ့တဲ့ ဂျာနယ်မှာ ပါရှိတဲ့ သတင်းအကြောင်းအရာက ကော်ဖီကြိုက်သူတွေအတွက်တော့ သတင်းကောင်းတစ်ပုဒ်ဖြစ်မှာ သေချာပါတယ်။
 
ဂျာနယ်ပါအကြောင်းအရာမှာ တစ်ရက်လျှင် ကော်ဖီ ၃ ခွက်သောက်သုံးသူများက နှလုံးသွေးကြောပိတ်ခြင်းကို လျော့ကျစေနိုင်ကြောင်း ဘရာဇီးနိုင်ငံ Sao Paulo တက္ကသိုလ်က သုတေသနသိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တယ်လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။
 
တစ်ရက်လျှင် ကော်ဖီ ၃ ခွက် ပုံမှန်သောက်သုံးခြင်းက နှလုံးသွေးကြောပိတ်တဲ့ အန္တရာယ်ကို ကျဆင်းသွားစေသလို နှလုံးရောဂါကိုလည်း ခုခံကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ကော်ဖီသောက်သုံးခြင်းနဲ့ နှလုံးသွေးလွှတ်ကြောအကြား အကျိုးအပြစ်များကို လေ့လာရန်အတွက် လူပေါင်း ၄,၄၀၀ ကို စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြပါတယ်။
 
သုတေသနလေ့လာမှု အချက်အလက်များကို စုပေါင်းလိုက်တဲ့အခါ ၅၆% သောသူများက တစ်နေ့လျှင် ကော်ဖီနှစ်ခွက် သောက်သူများဖြစ်ပြီး ၁၂% က တစ်ရက်လျှင် ၃ ကြိမ်နဲ့အထက် ကော်ဖီသောက်သူများဖြစ်ကြောင်း တွေ့ရှိရသည်။ ထိုသူများထဲမှ ကော်ဖီများများသောက်သူများ၏ နှလုံးသွေးကြောထဲမှာ ကယ်လစီယမ် အနည်ကျမှု နည်းပါးကြောင်းကို သုတေသနပညာရှင်များ တွေ့ရှိခဲ့ကြသည်။
 
မည်သို့ပင်ဆိုစေကာမူ ကော်ဖီအလွန်အကျွံသောက်သုံးခြင်းဟာလည်း အန္တရာယ်ဖြစ်စေနိုင်ကြောင်း ပညာရှင်ဖြစ်သူ Andreia Miranda က သတိပေး ပြောကြားထားသည်။ ကော်ဖီမှာ သတ္တုဓါတ်များ ရှုပ်ထွေးစွာ ပေါင်းစပ်ပါဝင်တယ်လို့ ဆိုပါတယ်။
 
ဒါပေမယ့် တစ်ရက်ကို ကော်ဖီဘယ်နှစ်ခွက်သောက်ရင် ကျန်မာရေးနဲ့ ညီညွတ်လဲဆိုတဲ့အချက်ကိုတော့ မစမ်းသပ်ရသေးကြောင်း ပြောဆိုခဲ့သည်။ အခြားလေ့လာတွေ့ရှိချက်၏ အဆိုအရ ပမာဏများစွာ အလွန်အကျွံသောက်သုံးခြင်းက ကျန်းမာရေးနဲ့ ညီညွတ်ခြင်းမရှိကြောင်း ဖော်ပြထားသည်။
 
(ပိုပိုလေး)
 

02 Apr 2018     1,843 Views




RELATED

Most Popular of Health Fix

Most Popular of Life Style