BEC-TERO TV

သွေးသံရဲရဲနဲ့ ပူဇော်ကြည်ညိုကြတဲ့ ဖီလစ်ပိုင်က ဘာသာရေးပွဲ

02 Apr 2018     1,353 Views


ကိုးကွယ်ဆည်းကပ်ရာ ဘာသာတရားတိုင်းမှာ အထွဋ်အမြတ်ထားတဲ့ နေ့ထူးနေ့မြတ်တွေ ရှိကြပါတယ်။ ခရစ်ယာန်ဘာသာမှာလည်း သန့်စင်မွန်မြတ်ခြင်း ရက်သတ္တပတ်ဖြစ်တဲ့ (Holy Week) ဟာ အလွန်အရေးကြီးတဲ့ နေ့ထူးနေမြတ်တွေဖြစ်ပါတယ်။

အဲဒီလိုနေ့တွေမှာ ဂျီးဇက်ခရိုက်စ်ရဲ့ အနစ်နာခံမှု၊ စတေးမှု၊ လမ်းညွှန်ပြသမှုတွေကို အမှတ်ရအောက်မေ့တဲ့အနေနဲ့ အထိမ်းအမှတ်ပွဲတွေကို ပြုလုပ်ကြပါတယ်။ ကိုးကွယ်ကြတဲ့ ခရစ်ယာန်ဘာသာခြင်းတူကြပေမယ့် မွန်မြတ်သန့်စင်တဲ့နေ့ကို ဆင်နွှဲကြပုံခြင်းတော့ သူ့ဒေသနဲ့သူ့ရိုးရာဆိုသလို တစ်ကမ္ဘာလုံးမှာ ကွဲပြားခြားနားကြပါတယ်။
အဲဒီအထဲမှာတော့ ဖီလစ်ပိုင်နိုင်ငံက ဆင်ယင်ကျင်းပပုံက အတော်လေးကို ထူးခြားဆန်းကျယ်လို့နေပါတယ်။

ကတ်သိုလစ်ဘာသာဝင်တွေ အများဆုံးရှိတဲ့ Maundy မြို့မှာ Holy Week ထဲက ကြာသပတေးနေ့နဲ့ သောကြာနေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ် တရားဝင်သတ်မှတ်ပေးထားပါတယ်။

အဲဒီလိုနေ့တွေမှာ ဘာသာရေးယုံကြည်မှုပြင်းထန်တဲ့ လူအချို့က ဂျီးဇက်ခရိုက်စ်ရဲ့ စွန့်လွှတ်နစ်နာခံ စတေးခဲ့မှုတွေအတိုင်း သူတို့ကိုယ်တိုင်သွေးသံရဲရဲ ဖြစ်အောင် ပြုလုပ်ပြီး ကြည်ညိုပူဇော်ကြတာကို အောက်ပါပုံတွေအတိုင်း တွေ့ကြရမှာပါ။


02 Apr 2018     1,353 Views




RELATED

Most Popular of Special or Others

Most Popular of NEWS