BEC-TERO TV

ဖားတစ်ပိုင်းငါးတစ်ပိုင်း အရှင်လတ်လတ် ကလေးကို ကျွေးတဲ့မိခင်

05 Apr 2018     4,381 Views


တရုပ်နိုင်ငံက မိခင်တစ်ဦးဟာ သူမရဲ့ ကလေးငယ်ကို ကျန်းမာရေးကောင်းအောင်ဆိုတဲ့ အတွေးနဲ့ ဖားတစ်ပိုင်းငါးတစ်ပိုင်း(ဖားလောင်း) အရှင်များကို ဇွန်းနဲ့ ခွံကျွေးနေတဲ့ ဗီဒီယိုကြောင့် အွန်လိုင်ပေါ်မှာ ဆူညံပွက်လောရိုက်ခဲ့ပါတယ်။

အဆိုပါအမျိုးသမီးရဲ့ အယူအဆကို ကလေးအထူးကုဆရာဝန်တွေက လုံးဝလက်မခံပါဘူး။ ဒါဟာ မှားယွင်းတဲ့ အယူအဆဖြစ်ပြီး ဖားလောင်းတွေမှာ ကပ်ပေါးကောင်တွေရှိနေနိုင်ပြီး အစိမ်းစားလိုက်တဲ့အတွက် ကလေးမှာတောင် ရောဂါပိုးဝင်နိုင်တယ်လို့ ရှင်းပြခဲ့ပါတယ်။

ဒီလိုဖားလောင်းအရှင်တွေစားရင် ကျန်းမာရေးကောင်းတယ်ဆိုတဲ့ အယူအဆဟာ တရုပ်နိုင်ငံရဲ့ ဝေးလံသီခေါင်ပြီး ဗဟုသုတနည်းပါးတဲ့ ကျေးလက်တောရွာတွေက အယူအဆဖြစ်ပြီး တရုပ်နိုင်ငံ အမျိုးသားသဘာဝသိပ္ပံ ဖောင်ဒေးရှင်းက ဒီလိုအလေ့အထတွေ လက်ခံမှုပိုများလာတာနဲ့ ပက်သက်ပြီး သတိပေးမှုတွေကို မနှစ်တုန်းက ပြုလုပ်ခဲ့ရပါတယ်။

သုတေသနပြုလုပ်ချက်အရ ဟန်နန်ပြည်နယ်မှာ တွေ့ရှိရတဲ့ ဖားလောင်းတွေမှာ တုတ်ကောင်တွေ ဖြစ်နိုင်တဲ့ ပိုးလောက်လန်းတွေ တွယ်ကပ်မှု ၁၁.၉၃% တွေ့ရှိရတယ်လို့ ဆိုပါတယ်။ နမူနာတစ်ခုအဖြစ် ဖားလောင်းတွေကို အရှင်လတ်လတ်စားခြင်းက အသားအရေနဲ့ဆိုင်တဲ့ ရောဂါတွေ ပျောက်ကင်းတယ်လို့ ယုံကြည်ပြီး ပုံမှန်စားသောက်လာတဲ့ အသက် ၂၉ နှစ်အရွယ် လယ်သမားတစ်ဦးဟာ ဆေးရုံပေါ်မှာ ရောဂါလက္ခဏာပေါင်းစုံနဲ့ တစ်လလောက် ဆေးကုခဲ့ရပါတယ်။

ဒါကြောင့်မို့ ဖားလောင်းအရှင် စားသောက်တဲ့ အယူအဆနဲ့ အလေ့အထ ပပျောက်အောင် ကျန်းမာရေးဌါနများအနေနဲ့ အစွမ်းကုန်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
 


05 Apr 2018     4,381 Views




RELATED

Most Popular of Special or Others

Most Popular of NEWS