မိန်းမတစ်ယောက်ရဖို့ လွယ်သလား.. ခက်သလား.. ရာမ..?
05 Apr 2018 1,594 Views

ကမ္ဘာပေါ်မှာကျင်းပဖူးသမျှ မင်္ဂလာဆောင်တွေထဲမှာ ဒီမင်္ဂလာဆောင်က အဆန်းကျယ်ဆုံးနဲ့ အရက်စက်ဆုံး မင်္ဂလာပွဲဖြစ်မယ်ထင်ပါတယ်။
မင်္ဂလာဆောင်တိုင်းလိုလိုရဲ့ ထုံးစံက သတို့သားနဲ့ သတို့သမီးက လှလှပပလေးဝတ်စားပြီး လာရောက်ချီးမြှင့်ကြတဲ့ ဧည့်သည်တွေကို ကျော့ကျော့လေး လိုက်ဧည့်ခံတာပဲ ဖြစ်ပါတယ်။ ယခုမင်္ဂလာဆောင်မှာတော့ သတို့သားဖြစ်သူဟာ လှလှပပ ဝတ်စားဖို့ နေနေသာသာ အတွင်းခံဘောင်းဘီတိုလေးကိုသာ ဝတ်ထားပြီး ဗလာကျင်းထားရပါတယ်။
သူ့ရဲ့မင်္ဂလာဆောင်ကို ဧည့်သည်တစ်ယောက်လာတိုင်း သူက တိုင်လေးမှာ ဖက်ပေးထားပြီး ဧည့်သည်က ကြိမ်တစ်ချက် ‘ရွမ်း’ခနဲ နှက်ပါတယ်။ ဗီဒီယိုပုံရိပ်များအရ သူ့ရဲ့မင်္ဂလာဆောင်က လူစည်ကားတယ်ဆိုတာ သူ့ရဲ့ နောက်ကျောနဲ့ ခြေသလုံးသားတွေပေါ်က အရှိုးရာတွေက မြင်မကောင်းအောင် သက်သေပြနေပါတယ်။
ရက်စက်မှုကတော့ ဒီလောက်နဲ့မပြီးသေးပါဘူး ဧည့်သည်တွေ အားလုံးလည်း ရိုက်လို့ စုံသွားပြီဆိုရင် ခမ်းမအလယ်မှာ သတို့သားက ထိုင်လျက်လေး ကျောကုန်းပေးထားရပါတယ်။ ဧည့်သည်တွေက အရိုက်ခံထားရတဲ့ ဒဏ်ရာတွေကို အပေါ်ကနေ ဆားနဲ့ဖြူးချပေးပါတယ်။ (အောင်မလေး..လေး ဘယ်လောက်တောင်ခံလိုက်ရမလဲနော်)
တရုပ်နိုင်ငံ ရှိုယန်ပြည်နယ်က ဟူနန်မြို့လေးမှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲဖြစ်ပါတယ်။ သူတို့ဒေသရဲ့ ဓလေ့အယူအဆကတော့ “မိန်းမတစ်ယောက် ရဖို့ဆိုတာ မလွယ်ဘူး၊ ဒီတော့ မိန်းမကို တန်ဖိုးထား” ဆိုတဲ့ သဘောဖြစ်ကြောင်း သိရှိလိုက်ရပါတယ်။
ကဲ.. အမျိုးသားတို့ရေ... “လွယ်သလား..? ခက်သလား..? ရာမ” လို့ ဗိုလ်အောင်ဒင်လေသံနဲ့သာ မေးလိုက်ချင်ပါတော့တယ်။