BEC-TERO TV

ဒီနှစ်သင်္ကြန် ဘယ်မှာကျကြမလဲ..?

09 Apr 2018     1,473 Views


ဧပြီလ ၁၃ ရက်နေ့မှာကျရောက်တော့မယ့် မြန်မာတို့ရဲ့ နှစ်သစ်ကူးရိုးရာ အတာသင်္ကြန်ပွဲ ကျရောက်ဖို့ ရက်ပိုင်းမျှသာလိုပါတော့တယ်။ ၂၀၁၈ ခုနှစ်အတွက် သင်္ကြန်ရုံးပိတ်ရက်က နှစ်ဆန်းတစ်ရက်နေ့ အပါအဝင် ၅ ရက် ဖြစ်တာကြောင့် ဒီနှစ်သင်္က်ြန်ကို ခရီးထွက်ကြဖို့ စီစဉ်ထားသူတွေလည်း ရှိကြပါတယ်။
 


ရန်ကုန်
သင်္ကြန်တွင်း ရန်ကုန်မြို့ပေါ်မှာပဲ လည်ပတ်ကြမယ်ဆိုရင်တော့ ဖျော်ဖြေရေး မဏ္ဍပ်တွေရှိတဲ့နေရာတွေကို ညွှန်းလိုက်ပါရစေ။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ စာရင်းများအရ -

ပြည်လမ်းမကြီးပေါ်မှာ မဏ္ဍပ်အကြီးစား (၇)ခု၊ မဏ္ဍပ်အလတ် (၄)ခု၊ ဌါနဆိုင်ရာမဏ္ဍပ် (၃၂)ခု။
ဝေဇယန္တာလမ်းမကြီးပေါ်တွင် မဏ္ဍပ် (၄)ခု။
အရှေ့မြင်းပြိုင်ကွင်းလမ်းတွင် မဏ္ဍပ်ကြီး (၁)ခု။
တက္ကသိုလ်ရိပ်သာလမ်းတွင် မဏ္ဍပ်ကြီး (၄)ခု၊ မဏ္ဍပ်လတ် (၁)ခု။
မင်းဓမ္မလမ်းတွင် မဏ္ဍပ်ကြီး (၁)ခု။
အနော်ရထာလမ်းတွင် မဏ္ဍပ်ကြီး (၁)ခု၊ မဏ္ဍပ်လတ် (၁)ခု။
ကုန်သည်လမ်းတွင် မဏ္ဍပ်ကြီး (၁)ခု။
ပါရမီလမ်းတွင် မဏ္ဍပ်လတ် (၂)ခု။
အင်းစိန်လမ်းတွင် မဏ္ဍပ်လတ် (၁)ခု။
စက်မှု(၁)လမ်းတွင် မဏ္ဍပ်လတ် (၂)ခု။
ကန်တော်ကြီးပန်းခြံတွင် စတုဒိသာနှင့် လမ်းလျှောက်သင်္ကြန် (၂)ခု။
ဦးဥတ္တမပန်းခြံတွင် စတုဒီသာနဲ့ လမ်းလျှောက်သင်္ကြန် (၁)ခု။
မဟာဗန္ဓုလပန်းခြံတွင် စတုဒိသာနဲ့ လမ်းလျှောက်သင်္ကြန် (၁)ခု တို့ဖြင့် စည်းကားသိုက်နေမည်ဖြစ်သည်။
 


မန္တလေး
မန္တလေးမြို့သင်္ကြန်ကို သွားရောက်ဆင်နွှဲမည့်သူများအနေနဲ့ ကျုံး၏တောင်ဘက်တွင် “လမ်းလျှောက်သင်္ကြန်”၊ မြောက်ဘက်ကျုံးနဲ့ အရှေ့ဘက်ကျုံး(မြောက်ခြမ်း) တို့တွင် ရေကစားမဏ္ဍပ်များ၊ ကျုံး၏ အနောက်ဘက်တွင် မိသားစု ရေကစားမဏ္ဍပ်ငယ်များဖြင့် စည်ကားနေမည်ဖြစ်သည်။

ဒါ့အပြင် တစ်နေကုန်ရေကစားကြပြီး ညဘက်မှာ လည်ပတ်နိုင်စေရန် “တောသင်္ကြန်ညဈေး” ကို ယခုနှစ်တွင် စတင်မည်ဖြစ်သည်။

တောသင်္ကြန်ညဈေးကို မန္တလေးမြို့ အရှေ့ဘက်ကျုံး ၆၆ လမ်း၊ ၁၉ လမ်းနှင့် ၂၄ လမ်းကြားတွင် ည ၇ နာရီမှ ၁၂ နာရီထိ ပြုလုပ်မည်သွားမည်ဖြစ်သည်။ တောသင်္ကြန်ညဈေးတွင် ထိုးမုန့်၊ ထမနဲ၊ လက်ဖက် အစရှိသော ရိုးရာအစားအစာများကို ရောင်းချသွားမည်ဖြစ်သည်။

ဖျော်ဖြေရေးအစီစဉ်များအဖြစ် မြို့တော်ဝန်မဏ္ဍပ်မှ သီဆိုဖျော်ဖြေမှု၊ ရုပ်သေးပွဲများ၊ ရုပ်ရှင်ဗလာပွဲများကို ကြည့်ရှုနိုင်မည်ဖြစ်သည်။


အများပြည်သူများ၏ လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စနစ်တကျအစီစဉ်များ ချမှတ်ထားပြီးဖြစ်တာကြောင့် ဒီနှစ်သင်္ကြန်ကို ဘယ်မှာကျမလဲဆိုတာ ဆုံးဖြတ်ဖို့ပဲ လိုတော့တယ်နော်။

 


09 Apr 2018     1,473 Views




RELATED

Most Popular of Special or Others

Most Popular of NEWS