BEC-TERO TV

ဦးခေါင်းကိုကတ်ကြေးစိုက်ဝင်တာတောင် ဘတ်စ်ကားနဲ့ ဆေးရုံသွားသူ

09 Apr 2018     1,275 Views


တရုပ်နိုင်ငံ ဟူဘေပြည်နယ်ရှိ ကျေးရွာတစ်ရွာမှာ ခြံလုပ်ငန်းလုပ်ကိုင်နေတဲ့ အမျိုးသမီးကြီးတစ်ဦးဟာ သစ်ပင်အမြင့်က သစ်ရွက်တွေကို ဝါးလုံးရှည်မှာ ချည်ထားတဲ့ ကတ်ကြေးနဲ့ ဖြတ်စဉ် ဝါးလုံးကျိုးကျခဲ့တာကြောင့် ကတ်ကြေးဟာ သူမရဲ့ ဦးခေါင်းတည့်တည့်ကို စိုက်ဝင်ခဲ့ပါတယ်။


အသက် ၅၇ နှစ်အရွယ် ရှန် လို့အမည်ရတဲ့ အမျိုးသမီးကြီးဟာ ဦးခေါင်းပေါ် ကတ်ကြေးစိုက်ဝင်ခဲ့တာတောင် နာကျင်မှုပြင်းထန်စွာ မခံစားခဲ့ရပဲ ခပ်ထုံထုံပဲဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ အရေးပေါ်ဆေးရုံကားတောင်မခေါ်တော့ပဲ သူမရဲ့ မိသားစုနဲ့အတူ တစ်နာရီကျော်ကြာကြာ ဘတ်စ်ကားစီးကာ ဆေးရုံကို လာခဲ့ပါတယ်။


ဆေးရုံရောက်တဲ့အခါ ဆရာဝန်ရဲ့ စစ်ဆေးချက်အရ ကတ်ကြေးထိပ်ဖျားဟာ သူမရဲ့ ဦးနှောက်ကို ဖောက်ဝင်ဖို့ ၃ မီလီမီတာလောက်ပဲ လိုတော့တာကို တွေ့ခဲ့ပါတယ်။ အကယ်၍သာ ကတ်ကြေးက ဖောက်ဝင်သွားခဲ့ရင် သူမအနေနဲ့ သွက်ချာပါဒလိုက်တဲ့ ဝေဒနာခံစားရသွားနိုင်ပါတယ်။ ကံကောင်းတာကေတော့ ကတ်ကြေးက ဦးခေါင်းခွံကို ခပ်စောင်းစောင်းလေး စိုက်ဝင်သွားခဲ့တဲ့အတွက် သီသီလေးလွဲသွားတာပါ။

ဆရာဝန်တွေက ဦးခေါင်းက ကတ်ကြေးကို နှုတ်ယူပေးခဲ့ပြီး အမျိုးသမီးကြီးကိုတော့ အထူးကြပ်မတ်ဆောင်မှာ စောင့်ကြည့်ကုသနေဆဲဖြစ်ပါတယ်။
 


09 Apr 2018     1,275 Views




RELATED

Most Popular of Special or Others

Most Popular of NEWS