BEC-TERO TV

နားပူနားဆာလုပ်ကာ ကားနဲ့တိုက်သတ်ပေးရန် တောင်းပန်ခဲ့မှုကြောင့် လူသတ်တရားခံဖြစ်

09 Apr 2018     1,317 Views


အမျိုးသားတစ်ဦးဟာ တစ်ရွာထဲအတူနေသူ အမျိုးသမီးအား သူမ၏ဆန္ဒအရ ကားနဲ့တိုက်သတ်ခဲ့ခြင်းကြောင့် လူသတ်မှုနဲ့ တရားစွဲဆိုခံထားရသည်။

တရုပ်နိုင်ငံ ဂျင်ဆူးပြည်နယ်ရှိ “ဝူ” ဟုအမည်ရသော အမျိုးသမီးမှာ သားအိမ်ခေါင်းကင်ဆာ ဝေဒနာကို နှစ်ရှည်လများ ခံစားနေရသူဖြစ်သည်။ ကင်ဆာရောဂါအတွက် ဓါတုကုထုံး(chemotherapy) ဖြင့် ကုသနေရပြီး ရောဂါဝေဒနာအတွက် ကြံကြံခံနိုင်စွမ်း သူမမှာ မရှိတော့တဲ့ထိ စိတ်ဓါတ်ကျဆင်းလာခဲ့သည်။

ပြီးခဲ့တဲ့ မေလက သူမနဲ့တစ်ရွာထဲသား မိတ်ဆွေ “ဇူ” ဆိုသူအား သူမကို ကားနဲ့တိုက်သတ်ပေးရန် စတင်၍ နားပူနားဆာ လုပ်လာခဲ့သည်။ ဒါ့အပြင် “ဝူ” ရဲ့ အမျိုးသားကလည်း သူ့မိန်းမခံစားနေရတဲ့ ဝေဒနာကို မကြည့်ရက်လို့ သူမပြောတဲ့အတိုင်း အဆုံးသတ်ပေးစေလိုကြောင်း၊ အကယ်၍ သေသွားခဲ့ရင်လည်း သူ့ကိုတရားစွဲပြီး အလျော်တောင်းမည်မဟုတ်ကြောင်း ကတိပေးကာ ဝင်ရောက်တိုက်တွန်းခဲ့သည်။

“ဇူ” က အစပထမတွင် လက်မခံသော်လည်း တစ်လခန့် နားပူနားဆာ လုပ်လွန်းသည့်အဆုံး ကူညီပေးရန် ဆုံးဖြတ်ခဲ့သည်။
ဇွန်လ ၁၅ ရက်နေ့ ညမှာတော့ ကားလမ်းမဘေးမှာ လမ်းလျှောက်သွားနေသော အမျိုးသမီးတစ်ဦးကို ဗန်ကားက နောက်ကနေ အရှိန်နဲ့ ဝင်တိုက်ခဲ့သည်။
အဲဒီနောက် “ဇူ” က ရဲတွေကို အကြောင်းကြားခဲ့ပြီး သေချာအောင် နောက်ပြန်ဆုတ်ကာ ကားနဲ့ ထပ်မံတက်ကြိတ်ခဲ့သည်။


ဒါပေမယ့် ဝဋ်ကြွေးကြီးလှသည့်အမျိုးသမီးမှာ မသေသေးတဲ့အတွက် ရဲတွေရောက်လာချိန်မှာ ဆေးရုံကို တင်ပို့ခဲ့ပါတယ်။ ဆေးရုံပေါ်ရောက်တဲ့အခါမှာလည်း အမျိုးသမီးက သူမကို ဆေးမကုကြဖို့ ပြောပြီး ငြင်းဆန်ခဲ့ပါတယ်။ သူမကို အိမ်ပြန်ပို့ပေးဖို့သာ အပြင်းအထန်တောင်းဆိုခဲ့ပြီးနောက် ဝေဒနာများကို အလူးအလဲခံစားရင် ဇွန်လ ၁၇ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

ဧပြီလ ၃ ရက်နေ့မှာတော့ “ဇူ” နဲ့အတူ အမျိုးသမီး၏ခင်ပွန်း “ဝမ်” ဆို့ကို ရည်ရွယ်ချက်ရှိရှိ သေစေအောင် ပြုလုပ်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။
တရားရုံးမှတ်တမ်းအရ “ဝူ” ရဲ့ သေဆုံးခဲ့ခြင်းဟာ ကားကြိတ်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် မဟုတ်ပဲ နှစ်ပေါင်းများစွာ ကင်ဆာကို ဓာတုကုထုံးနဲ့ ကုသခံယူမှုကြောင့် သူမရဲ့ အတွင်းကလီစာများ ပျက်ဆီးနေခြင်းကသာ အဓိကဖြစ်ကြောင်း သိရှိရသည်။

“ဝူ”ရဲ့ မိသားစုများက သေးဆုံးမှုအတွက် “ဇူ”အပေါ် အပြစ်မမြင်ကြောင်း၊ အတင်းစေခိုင်းမှုကြောင့်သာ ပြုလုပ်ခဲ့တာဖြစ်တဲ့အတွက် တရားရုံးတော်မှ “ဇူ” နှင့် “ဝမ်” အပေါ် သက်ညှာစွာ စဉ်းစားပေးရန် “ဝူ”၏ သားဖြစ်သူက တောင်းဆိုထားသည်။
 


09 Apr 2018     1,317 Views




RELATED

Most Popular of Special or Others

Most Popular of NEWS