BEC-TERO TV

ဝမ်းကိုက်ရောဂါအကြောင်းသိကောင်းစရာ

21 Jul 2015     1,881 Views


ဝမ်းကိုက်ရောဂါကဆိုရင်ပူနွေးစိုစွတ်သော ရာသီဥတုရှိတဲ့နိုင်ငံတွေမှာအဖြစ်များပါတယ်။ထိုကဲ့သိုဖြစ်လာပြီဆိုရင်သင့်ဝမ်းထဲမှာသွေးတွေ၊အချွဲတွေ၊ပြည်တွေ ပါလာမယ်။ဝမ်းဗိုက်ဟာလည်းနာကျင်လာပါလိမ့်မယ်။တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းသောသူများ၊ပတ်ဝန်းကျင်သန့်ရှင်းမှုအားနည်းသောနေရာမှာနေထိုင်ရသူများမှာဝမ်းကိုက်ပိုးကြောင့်ဖြစ်သောဝမ်းပျက်ဝမ်းလျောရောဂါပိုးကိုပိုပြီးတော့ခံစားရနိုင်ပါတယ်။
 
ဝမ်းကိုက်ရောဂါခံစားလာရပြီဆိုရင် သင်ဟာအလွန်အမင်းဖျားလာမယ်၊အဖျားကြီးမယ်၊ ချမ်းတုန်ဖျားမယ်၊ဝမ်းဗိုက်အောင့်မယ်၊လေခနခနလည်ချင်မယ်၊ဝမ်းမထိန်းနိုင်ဖြစ်မယ်၊ဝမ်းခနခနသွားချင်မယ်၊အစားအသောက်တွေပျက်လာမယ်၊ နုံးချိလာမယ်၊ပိန်လာမယ်၊ပျိ်ု့ချင်အန်ချင်လာမယ်၊ရေဓာတ်ဆားဓာတ်ခမ်းခြောက်တဲ့ဝေဒနာကိုလည်းခံစားရပါလိ်မ့်မယ်။
 
ဒီထက်ပိုပြီးဆိုးရွားလာမှာကတော့လူနာက ကရောင်ကတမ်းတွေပြောလာမယ် ၊သတိမေ့မြောတဲ့ထိဖြစ်လာနို်င်ပါတယ်။ဝမ်းကိုက်ပိုးရှိနေပြီလို့သံသယရှိနေပြီဆိုရင် ဆရာဝန်က သင့်ကိုဝမ်းကိုယူပြီး ဝမ်းကိုက်ပိုးရှိမရှိစစ်ဆေးနိုငပါတယ်။သွေးကိုယူပြီးဝမ်းကိုက်ပိုးကြောင့်ဖြစ်လာမယ့်ပရိုတင်းဓာတ်တစ်မျိုးကိုလည်းသွေးထဲမှာရှာဖွေစစ်ဆေးနိုင်ပါတယ်။
 
ဝမ်းကိုက်ပိုးကြောင့်ဖြစ်တဲ့အသည်းမှာဖြစ်တဲ့ပြည်တည်နာဖြစ်မဖြစ်ကိုလည်းဗိုက်ကို ဓာတ်မှန်၊အာထရာဆောင်းရိုက်ကြည့်ခြင်းအားဖြင့်သိရှိနို်င်ပါတယ်။ထိုကဲ့သို့ဖြစ်လာပြီဆိုရင်တော့သင်ဟာပိုးသတ်ဆေးတစ်မျိုးသောက်ဖို့လိုပါတယ်။အရေးကြီးဆုံးကတော့ကုန်ဆုံးသွားတဲ့ရေဓာတ်နဲ့ဆားဓာတ်ကို အချိန်မီလုံလုံလောက်လောက်ပြန်လည်ဖြည့်သွင်းပေးဖို့လိုပါတယ်။
 
ဝမ်းကိုက်ရောဂါကိုကာကွယ်ဖို့ဆိုရင် အစားအသောက်တွေကိုသေသေချာချာချက်ပြုတ်စားသောက်ဖို့လိုပါတယ်။လက်ကိုလည်းသေသေချာချာသန့်သန့်ရှင်းရှင်းဖြစ်အောင်ဆေးဖို့လည်းလိုပါတယ်။အထူးသဖြင့်အစာမစားခင်နဲ့ အိမ်သာမှအထွက်အချိန်မှာပိုပြီးတော့သန့်ရှင်းအောင်ဆေးဖို့လိုပါတယ်။
 
သေချာစွာကျိုချက်ထားသောရေနှင့် သေချာစွာသန့်စင်ထားသောရေကိုသောက်သုံးရပါမယ်။အစားအစာများကိုယင်မနားစေရန်သေချာစွာဖုံးအုပ်ထားဖို့လိုပါတယ်။လမ်းဘေးစာများ၊ ဖုန်ထူထပ်တဲ့နေရာမှာရောင်းသောအစာများကို ရှောင်ကြဉ်သင့်ပါတယ်။ဖော်ပြပါနည်းလေးတွေကိုလိုက်နာကျင့်သုံးမယ်ဆိုရင်သင်ဟာဝမ်းကိုက်ပိုးနဲ့ထာဝစဉ်ကင်းဝေးသွားမှာပဲဖြစ်ပါတယ်။

21 Jul 2015     1,881 Views




RELATED

Most Popular of Health Fix

Most Popular of Life Style