BEC-TERO TV

နေပူလောင်ခြင်းအကြောင်းသိကောင်းစရာ

21 Jul 2015     1,585 Views


အသားလောင်ခြင်းဟာခရမ်းလွန်ရောင်ခြည်တစ်မျိုးကို အသားအရည်နဲ့အချိန်ကြာမြင့်စွာထိတွေ့လို့ုဖြစ်လာတာပဲဖြစ်ပါတယ်။အသားလောင်ခြင်းဟာအရေပြားကိုထိခိုက်ရုံမကပဲမျက်စိ ကိုပါထိခိုက်နို်င်တာပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံ US စင်တစ်ခုကရတဲ့ဒေသများအရဆိုရင်တော့သက်လတ်ပိုင်းအရွယ် ၅၀ % လောက်ဟာတစ်နှစ်ကိုအနည်းဆုံးအသားလောင်ခြင်းဝေဒနာကိုတစ်ကြိမ်လောက်တော့ခံစားနေရပါတယ်။အသားလောင်ခြင်းကအမြဲတမ်းပဲထိခိုက်ဒဏ်ရာပေးနို်င်ပါတယ်။အရေပြားကင်ဆာဖြစ်သွားတဲ့အထိဆိုးရွားသွားနိုင်ပါတယ်။
 
ခရမ်းလွန်ရောင်ခြည်ကိုခနခနထိတွေ့ခံစားနေရမယ်ဆိုရင် အရေပြားဟာ အမာရွတ်တွေဖြစ်လာနိုင်တယ်၊မဲ့ခြောက်တွေထွက်လာနိုင်တယ်၊အရွယ်မတိုင်ခင်အိုမင်ရင့်ရော်လာနိုင်ပါတယ်။မျက်လုံးကိုထိတွေ့မှုများလာမယ်ဆိုရင်တော့အတွင်းတိမ်တွေဖြစ်ပေါ်လာနိုင်တယ်၊နောက်ဆုံးမှာမျက်လုံးကွယ်တဲ့အထိဖြစ်ပွားနိုင်ပါတယ်။
 
ခရမ်းလွန်ရောင်ခြည်ဟာ မျက်စိနဲ့မမြင်နိုင်တဲ့အလင်းတန်းတစ်ခုပဲဖြစ်ပါတယ်။နေရောင်ခြည်ကနေ အဓိကလာပါတယ်။ခရမ်းလွန်ရောင်ခြည် A . B .C ဆိုပြီး (၃)မျိုးရှိပါတယ်။ကမ္ဘာမြေပေါ်ကိုတော့  A နဲ့ B နှစ်မျိုးကပဲရောက်ရှိနိုင်ပါတယ်။ခရမ်းလွန်ရောင်ခြည်ကိုယ်နဲ့ထိတွေ့နိုင်တဲ့အချိန်တွေကတော့ နေ့လည်ပိုင်းအချိန်တွေပဲဖြစ်ပါတယ်။ အထူးသဖြင့် မနက် ၁ဝနာရီကနေ ညနေ ၄နာရီထိပဲဖြစ်ပါတယ်။ နွေရာသီမှာပိုပြီးတော့အများဆုံးထိတွေ့နိုင်ပါတယ်။
 
ဖော်ပြတဲ့လက္ခဏာတွေပေါ်လာပြီဆိုရင်တော့အသားအရေဟာနေလောင်ခြင်းကိုဆိုးဆိုးရွားရွားခံစားနေရပြီဆိုတာကိုဖော်ပြပါတယ်။ဖျားလာမယ်၊ ပျို့ချင်အန်ချင်လာမယ်၊ချမ်းတုန်လာမယ်၊မူးဝေလာမယ်၊ ရင်တုန်လာမယ်၊မောလာမယ်၊ရေဓာတ်တွေအလွန်အမင်းခမ်းခြောက်လာမယ်၊ဂရောင်ဂတမ်းတွေ ပြောလာပြီးတော့သတိမေ့တဲ့ထိဖြစ်လာနိုင်ပါတယ်။
 
အရေပြားပေါ်မှာအရည်ကြည်ဖုတွေအများအပြားထွက်လာပြီးတော့အလွန်အမင်းနာကျင်တဲ့ဒဏ်ရာကိုခံစားရလာနိုင်ပါတယ်။ထိုကဲ့သို့အခြေအနေခံစားရပြီဆိုရင်တော့ဆရာဝန်ဆီကိုအမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။ထိုကဲ့သို့ခံစားရပြီဆိုရင်တော့ဆေးရုံမှာကုသမှုခံယူတာအကောင်းဆုံးပါပဲ။နေပူထဲသွားတဲ့အခါမှာလုံလောက်တဲ့အကာအကွယ်ကိုတပ်ဆင်ထားဖို့လိုပါတယ်။

21 Jul 2015     1,585 Views




RELATED

Most Popular of Health Fix

Most Popular of Life Style