BEC-TERO TV

The Voice Myanmar ကို အွန်လိုင်းကနေ တိုက်ရိုက်ကြည့်ရှုနည်း

11 Apr 2018     1,674 Views


The Voice Myanmar ကို အကြောင်းအမျိုးမျိုးကြောင့် တီဗီရှေ့မှာ ထိုင်မကြည့်နိုင်တဲ့ ပရိသတ်တွေနဲ့ နိုင်ငံရပ်ခြားကနေ အားပေးနေကြတဲ့ ပရိသတ်တွေအတွက် The Voice Myanmar အစီစဉ်တွေကို တီဗီနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း ကိုယ့်ရဲ့ မိုဘိုင်းဖုန်း၊ ကွန်ပျူတာတွေကနေ ကြည့်ရှုနိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

ယခုဖော်ပြပေးမယ့် နည်းလမ်းတွေက အွန်လိုင်းကနေ ကြည့်ရှုရမှာဖြစ်တဲ့အတွက် အင်တာနက်ချိပ်ဆက်မှု ရှိရမှာဖြစ်ပြီး ထိုက်သင့်သလောက် ဒေတာကုန်ဆုံးမှာဖြစ်ကြောင်း အရင်ဦးဆုံး အသိပေးထားပါရစေ။

Desktop/Laptop ကွန်ပျူတာပေါ်မှ ကြည့်ရှုနည်း

ကွန်ပျူတာပေါ်မှ ကြည့်ရှုနိုင်ရန် မိမိနှစ်သက်ရာ အင်တာနက်ဘရောက်ဇာ (Mozilla FireFox, Chrome, Safari) အစရှိသည်ဖြင့် တစ်ခုခုသုံးပြီး အောက်ပါလင့်ခ် နေရာမှ MRTV 4 ကို အချိန်ပြည့် တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။

(လင့်ခ်ကိုသွားရန် ပုံကိုဖိပါ / မိုဘိုင်းများမှလည်း ကြည့်ရှုနိုင်ပါတယ်)


(၁) Myanmar TV Channel
 


Smart Phone ပေါ်မှကြည့်ရှုနည်း

စမတ်ဖုန်းများတွင် MRTV 4 ကို တိုက်ရိုက်ကြည့်ရှုနိုင်မယ့် Application များကို ဖော်ပြပေးလိုက်ပါတယ်။ အများသုံး စမတ်ဖုန်းများမှာ Android, iOS နှစ်မျိုးကွဲသည့်အတွက် ခွဲခြားပြီး ဖော်ပြပေးလိုက်ပါတယ်။
သက်ဆိုင်ရာ Application ကို Install လုပ်ယူပါ။

**စာသားကိုဖိပြီး Install လုပ်ပါ**

(၁) ZeeGwat TV (iOS)

(၂) ZeeGwat TV (Android)


(၃) H TV (Android)

(၄) H TV (iOS)

(၅) AIS PLAY (Android)

(၆) AIS PLAY (iOS)

မှတ်ချက်။  ။ AIS PLAY Application မှာ ထိုင်းနိုင်ငံမှ ဖုန်းနံပါတ် တစ်ခုနှင့် မှတ်ပုံတင်ရန် လိုအပ်သည့်အတွက် ထိုင်းနိုင်ငံရောက် မြန်မာများအတွက် ပို၍အဆင်ပြေမည်ဟုထင်ပါတယ်။


H TV App တွင် MRTV 4 ထည့်သွင်းနည်း

H TV App ကို Install လုပ်ပြီးနောက် အောက်ပါပုံများအတိုင်း (MRTV 4, Channel 7, MRTV Live, 5 Plus) တို့ကို သွင်းယူနိုင်ပါတယ်။

 

 

ZeeGwat TV application ကတော့ ရိုးရှင်းပြီး ပရိသတ်တွေ အကြိုက်တွေ့စေမယ့် TV App တစ်ခုဖြစ်ပါတယ်။

မြန်မာတီဗီချန်နယ်တွေသာမက ဇာတ်လမ်းတွဲ၊ မြန်မာဇာတ်ကားတွေကိုပါ ကြည့်ရှုနိုင်မယ့် App တစ်ခု ဖြစ်ပါတယ် Install လုပ် သွင်းယူပြီးတာနဲ့ တစ်ပြိုင်တည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။


အခုဆိုရင် The Voice Myanmar အစီစဉ်ကို ဘယ်နေရာကိုပဲ ရောက်ရောက် အဆင်ပြေပြေ အားပေးကြည့်ရှုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Facebook ကနေ Live လွှင့်ဖို့တောင်းဆိုထားတဲ့ ပရိသတ်များအားလုံးကိုလည်း မူပိုင်ခွင့်အရလို့သာ နားလည်ခွင့်လွှတ်ပြီး တီဗီပေါ်ကနေ ကြည့်ရှုနိုင်သလို အွန်လိုင်းကဆိုရင်တော့ ဖော်ပြပါနည်းလမ်းများနဲ့ အားပေးကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။
 


11 Apr 2018     1,674 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment