BEC-TERO TV

Police Tero FC အတွက် အနိုင်ဂိုးကို အောင်သူ သွင်းယူ

12 Apr 2018     1,332 Views


ဧပြီလ ၁၁ ရက်နေ့တွင် Ubon UMT United အသင်းနှင့် Police Tero FC အသင်းတို့ လိဂ်ပွဲစဉ် ၁၀ တွင် ယှဉ်ပြိုင်ကစားခဲ့ကြရာ ( ၃-၂ ) ဖြင့် Police Tero FC အသင်းက အနိုင်ရရှိခဲ့သည် ။
 
 
ပွဲစဉ်တွင် Ubon UMT United အသင်းအတွက် ပထမဦးဆုံး ပထမပိုင်းအချိန်တွင် Mark Hartmann က ဂိုးသွင်းယူခဲ့ပါသည် ။ ဒုတိယပိုင်းမှာလဲ Ubon UMT United အသင်း Rodrigo က ဒုတိယဂိုးထပ်မံသွင်းယူခဲ့ပြီး Police Tero FC အသင်းကလဲ အရှုံးမပေး ဒုတိယပိုင်းတွင် ၃ ဂိုးဆက်တိုက် သွင်းယူခဲ့ပြီး အနိုင်ရရှိခဲ့သည် ။ Marcos နှင့် Adisak တို့က တစ်ယောက်တစ်ဂိုးသွင်းယူခဲ့ပြီး နောက်ဆုံးဂိုးမှာတော့ အောင်သူက သွင်းယူခဲ့ပါတယ် ။
 
 
အောင်သူဟာ လိဂ်ပွဲစဉ် ၃ အဖြစ် ချင်းဂရိုင်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့စဉ်ကလည်း Man Of The Match ဆုကို ပထမအကြိမ်ရရှိထားခဲ့သည်။ လက်ရှိအခြေအနေအရ ထိုင်းလိဂ်ပွဲစဉ်တွင် အောင်သူက သွင်းဂိုး ၅ ဂိုးရရှိထားပြီးဖြစ်သည်။
 

12 Apr 2018     1,332 Views




RELATED

Most Popular of Football

Most Popular of NEWS