BEC-TERO TV

ချစ်သူက “ပဲမြစ်”လို့ ပြောလို့ ကိုယ့်ဟာကိုယ် ဖြတ်ပစ်တဲ့ကောလိပ်ကျောင်းသား

18 Apr 2018     1,790 Views


တရုပ်နိုင်ငံ ဂွမ်ကျိုးပြည်နယ်က ကောလိပ်ကျောင်းသားတစ်ဦးဟာ ရည်းစားဖြစ်သူနဲ့ စကားများခဲ့ပြီးနောက် ကိုယ့်ရဲ့ငယ်ပါကို ကိုယ်တိုင်ဖြတ်ပစ်ခဲ့ပါတယ်။ အောက်ပိုင်း အဝတ်မပါပဲ သွေးများစီးကျနေတဲ့ဓါတ်ပုံဟာ လူမှုကွန်ယက် ဝီချတ်ပေါ်ကနေ အကြီးကျယ်ပျံ့နှံ့ခဲ့ပါတယ်။


ကောလိပ်ကျောင်းသားဟာ ရည်းစားဖြစ်သူနဲ့ အွန်လိုင်းပေါ်မှာစကားများခဲ့ပြီးနောက် သူ့ရည်းစားက “နင့်ဟာက သေးသေးလေး ပဲမြစ်” လို့ ပြောခဲ့တဲ့အတွက် ဒေါသအကြီးကျယ်ထွက်ပြီး ဒီလောက်တောင် ဖြစ်လှတာ “နင့်အတွက်အသုံးမဝင်တာသေချာတယ်နော်” ဟု ဆိုပြီး သူ့ရဲ့ငယ်ပါကို နေထိုင်ရာ ကျောင်းအဆောင်ခန်းထဲမှာပဲ ဖြတ်ပစ်လိုက်တယ်လို့ သတင်းများ ပျံ့နှံ့ခဲ့တာပါ။ အင်္ဂါနေ့က နေ့လည် ၂ နာရီအချိန်ကမှ အဆောင်တာဝန်ရှိသူတွေ သိရှိခဲ့ပြီး သူ့ကို ဆေးရုံပို့ပေးခဲ့တာဖြစ်ပါတယ်။

ပြည်တွင်းသတင်းဌါနတစ်ခု၏ အဆိုအရ လူငယ်ဟာ မူးယစ်ဆေးသုံးစွဲထားခြင်းမရှိပဲ အခုလို အောက်ပိုင်းမှာ သွေးတွေစီးကျနေတယ်ဆိုတာ သေချာမသိရကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ဘယ်နေရာမှာ ဒဏ်ရာရတာလဲဆိုတာကိုလည်း အတည်မပြုနိုင်ခဲ့ပါဘူး။


ဓါတ်ပုံအရ အောက်ပိုင်းအဝတ်အစားမပါပဲ သွေးတွေစီးကျနေပေမယ့် လူငယ်ဟာ ဘာမှမဖြစ်သလို အမူယာမျိုးနဲ့ ဘာကိုမှ အရေးမလုပ်တဲ့ပုံကို တွေ့ရပါတယ်။ အွန်လိုင်းပေါ်မှာ ပြောဆိုနေတဲ့ သတင်းများအရ ချစ်သူနဲ့ ရန်ဖြစ်စကားများပြီးနောက် ယခုလို ကိုယ်ဟာကိုယ်ဖြတ်ပစ်ခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။
 


18 Apr 2018     1,790 Views




RELATED

Most Popular of Special or Others

Most Popular of NEWS