BEC-TERO TV

ကံထူးတဲ့လှတဲ့ သမီးလေး အစ္စရေးတွင် အခမဲ့နှလုံးခွဲစိတ်ခွင့်ရသော ပထမဆုံး မြန်မာကလေးဖြစ်လာ

19 Apr 2018     1,451 Views


အသက် ၅ နှစ်အရွယ် “ဟန်နာ” ဆိုသည့် မိန်းကလေးမှာ မွေးရာပါ နှလုံးရောဂါကို အခမဲ့ခွဲစိတ်ကုသခွင့်ရသော မြန်မာနိုင်ငံမှ ပထမဦးဆုံးကံထူးသည့် ကလေးငယ်ဖြစ်ပြီး ခွဲစိတ်ကုသမှုခံယူရန် အစ္စရေးနိုင်ငံသို့ ရောက်ရှိပြီဖြစ်ကြောင်း သိရှိရသည်။

မွေးရာပါ နှလုံးရောဂါဝေဒနာ ခံစားနေရသော “ဟန်နာ” ၏ ဖခင်ဖြစ်သူက သမီးဖြစ်သူအတွက် အကူအညီကို ဖေ့စ်ဘွခ်ပေါ်မှတစ်ဆင့် တောင်းခံခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးနှင့် အခြားပုဂ္ဂိုလ်များ၏ ဝိုင်းဝန်းကူညီမှုကြောင့် အစ္စရေးနိုင်ငံ ဟိုလွန်မြို့ရှိ Wolfson ဆေးရုံကြီးတွင် အခမဲ့ ခွဲစိတ်ကုသမှုခံယူရန် ရောက်ရှိနေပြီး မကြာမီ ကုသမှုများ စတင်သွားတော့မည်ဖြစ်သည်။
 


19 Apr 2018     1,451 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS