ထိုင်းရဲကို ပြန်နှိပ်ကွပ်တဲ့ မြန်မာပြည်က ဘောစိရဲ့သား
19 Apr 2018 1,537 Views

သင်္ကြန်တွင်းဖြစ်သည့် ဧပြီလ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့လည် လမ်းမပေါ်တွင် ည ၁ နာရီအချိန်ခန့်က ထိုင်းရဲတစ်ဦးဟာ လူတစ်ယောက် သူ့နောက်လိုက်နေပါတယ် ကူညီကြပါဟု အော်ဟစ်ပြီး အကူအညီတောင်းနေတဲ့ရုပ်သံ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
.jpg)
ဖြစ်စဉ်မှာ သင်္ကြန်ကာလအတွင်း ရဲများက စစ်ဆေးရေးဂိတ်များချထားပြီး အရက်သောက်သူများကို စစ်ဆေးလျှက်ရှိရာ ည ၁ နာရီအချိန့်တွင် လူငယ်တစ်ဦးက BMW ပြိုင်ကားတစ်စီး မောင်းနှင်လာစဉ် ရဲများကလည်း တာဝန်အရ အယ်လ်ကိုဟောလ် ( အရက် ) သောက်ထားမှု ပမာဏကို တိုင်းကြည့်ရာ ၁၄၄ မီလီကရမ်ရှိနေပြီး သတ်မှတ်ထားတဲ့ ပမာဏထက်များနေလို့ မှတ်တမ်းရေးယူကာ လဝကရုံးသို့သွားရန် အဆိုပါလူငယ်ရဲ့ကားပေါ်တက်ပြီး မောင်းနှင်စေခဲ့ပါတယ်။
(စစ်ဆေးရေးဂိတ်မှာ ရဲဝန်ထမ်းအင်အား နှစ်ဦးတည်း ရှိတာကြောင့် ပြစ်မှုကျူးလွန်သူရဲ့ ကားကို အသုံးပြုပြီး ရဲစခန်းခေါ်ခဲ့ရတာလို့ ဆိုပါတယ်)
.jpg)
လူငယ်က ရဲစခန်းထံသို့မမောင်းဘဲ အခြားလမ်းကြောင်းကို ဦးတည်မောင်းနှင်တဲ့အတွက် ရဲကကြောက်ပြီး ကားပေါ်ကနေ ခုန်ဆင်းပြေးခဲ့ပါတယ်။ ဒါပေမယ့် ယာဉ်မောင်းက အလွတ်မပေးပဲ ကားကိုရပ်ကာ ခုန်ချသွားတဲ့ ရဲနောက်လိုက်ပြီး မှုခင်းမှတ်တမ်းစာရွက်ကို လုယူရန် ကြိုးစားခဲ့ပါတယ်။ လူရွယ်တဦးနဲ့ ထိုင်းယာဉ်ထိန်းရဲတဦးတို့ ရုန်းရင်းဆန်ခတ် လုံးထွေးနေပြီး ရဲက ကြောက်လန့်တကြား ထွက်ပြေးကာ အနီးနားရှိ လူတွေကို အကူညီတောင်းနေသည်ကို တွေ့ခဲ့ရပါတယ်။ နောက်ဆုံးတော့ ရဲဟာတက္ကစီတစ်စီး တားစီးပြီး ထွက်ပြေးခဲ့ရပါတယ်။
.jpg)
အဆိုပါလူငယ်ကို စစ်ဆေးခဲ့ရာ အသက် ၃၁ နှစ်အရွယ် Larry Zaw ဆိုသူ မြန်မာသူဌေးသားတစ်ဦးဖြစ်ကြောင်းသိရှိရပြီး သူဟာ ထိုင်းနိုင်ငံတွင် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်အဖြစ် ထိုင်းနိုင်ငံကို ဗီဇာမှန်ကန်စွာနဲ့ ဝင်ရောက်အလုပ်လုပ်နေသည်ဟု သိရသည်။ ဧပြီလ ၁၇ ရက်နေ့မှာတော့ ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့ပါတယ်၊ ဒါပေမယ့် သူ့အပြစ်တွေကိုတော့ ဝန်ခံခြင်းမရှိသေးဘဲ အာမခံငွေ ဘတ် ၂ သိန်းနဲ့ ပြင်ပကနေ အမှုရင်ဆိုင်မယ်လို့ ဆိုပါတယ်။