ဧပြီလ ၂၀ ရက်နေ့မှာ ထူးဆန်းစွာ အစိမ်းရောင်သန်းနေမည့် လကို မြင်တွေ့ရမည်
19 Apr 2018 1,640 Views

ယခုလာမည့် ဧပြီလ ၂၀ ရက်နေ့ညမှာတော့ ထူးထူးခြားခြား နှစ်ပေါင်း ၄၂၀ မှ တစ်ကြိမ်သာ မြင်တွေ့ခွင့်ကြုံရသည့် အစိမ်းရောင်သန်းနေးသည့် လကို ညအခါ မြင်တွေ့ရမည်ဆိုသော သတင်းက တစ်ကမ္ဘာလုံးကို စိတ်ဝင်စားသွားစေပါတယ်။
သတင်းအရ နေဂြိုလ်ကနေ ရေကြည့်ရင် ခုနှစ်လုံးမြောက်ဖြစ်တဲ့ ယူရေးနပ်စ်ဂြိုလ်ဟာ လရဲ့အနီးနားကို ချဉ်းကပ်လာနေပြီး လနဲ့ ယူရေးနပ်စ်ကြားမှာ အစိမ်းရောင် ရောင်စဉ်များက လနဲ့ ၄ ဒီဂရီအနေအထားမှာ ဖြစ်ပေါ်လာမည်ဖြစ်ပြီး ကမ္ဘာကနေ ကြည့်လျှင် အစိမ်းရောင်သန်းနေသည့် လကို မြင်တွေ့ရမည်ဖြစ်ကြောင်း ရေးသားထားပြီး လူမှုကွန်ယက်ပေါ်တွင် မျှဝေသူအများဆုံး သတင်းတစ်ပုဒ်ဖြစ်နေသည်။
အဆိုပါသတင်းနဲ့ ပက်သက်ပြီး အာကာသကျွမ်းကျင်သူများက ဒါဟာလုပ်ဇာတ်သတင်းသာဖြစ်ပြီး အစိမ်းရောင်လသာမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်းပြောဆိုခဲ့သည်။
ယခုကဲ့သို့ သတင်းမျိုးကို ဖန်တီးလုပ်ကြံထားသော ဓါတ်ပုံနဲ့ ၂၀၁၆ ခုနှစ်ကလည်း ပျံ့နှံ့ခဲ့သေးပြီး အဆိုပါသတင်းတွင် ၁၈၄၇ ခုနှစ်မှာ ပထမဦးအကြိမ်ဖြစ်ပေါ်ခဲ့သည့် အစိမ်းရောင်လမင်း နောက်တစ်ကြိမ် ဖြစ်ပေါ်မည်ဟု အတည်ပေါက်နဲ့ ရေးသားခဲ့ခြင်းဖြစ်သည်။ နှစ်နှစ်အကြာ ၂၀၁၈ ခုနှစ်မှာ ဒီသတင်းက တစ်ဖန်ပြန်ပြီး ပေါ်ထွက်လာကာ ၂၀၁၈ ဧပြီ ၂၀ ရက်နေ့ညမှာ အစိမ်းရောင် လမင်းကို ထူးဆန်းစွာမြင်တွေ့ရမည်ဟု ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။
အစိမ်းရောင် လမင်းကို မျှော်လင့်နေချင်သူများအနေနဲ့တော့ သတင်း မှန်/မမှန်ဆိုတာကို နက်ဖန် ဧပြီ ၂၀ ရက် ညမှာ ကောင်းကင်ပေါ်က လမင်းကို မျှော်ကြည့်စစ်ဆေးနိုင်ပါသည်။